In honour of nutrition month in August, LIFT is pleased to announce its 2016 photo competition, which is open to all! The winner will receive a Nikon Coolpix camera. Feel free to be creative - we look forward to seeing your snapshots of rural mother and child nutrition.

Theme: Rural mother and child nutrition (in Myanmar)

Who can participate: The competition is open to all LIFT stakeholders and partners, including Government, Donor Consortium, Fund Board, the Fund Management Office, implementing partners, beneficiaries and the general public.

Dates: Admissions will be accepted starting July 30th. Deadline is August 10th by 5:00 p.m. (Yangon time).

Instructions:

  • Please send THREE of your best photos that relate to the theme (with captions) to Ms. Abigail Samuelsen at abigailbms@unops.org by August 10th, 5:00 p.m. (Yangon time).
  • Out of all the entries, TEN will be chosen by LIFT for the final round.
  • Final round photos will be posted on LIFT's Facebook page for a popular vote by number of 'likes' by August 24th, 5:00 p.m. (Yangon time).
  • Winner will be announced on August 25th.
  • Permission must be granted by the mother/child in order for the picture to be included in the competition.
  • Please note that these do not have to be professionally shot.
  • If there are any disputes, the final decision will be made by LIFT.

** Do not use photos that were used in any publication or previous competition. 

** Mothers and children who are featured in the short-listed photos will also be provided with a fortified rice bag from PATH.

 

We look forward to seeing your photos! Please contact Abigail or Hsu Mon Aung (hsumona@unops.org) if you have any questions or concerns.

To download the poster in English click here for Myanmar here. Feel free to post it in your office and share it through social media.

Photo credit: Kaung Htet/Tat Lan

LIFT ရဲ့ ၂ဝ၁၆ ခုနှစ် ဓါတ်ပုံပြိုင်ပွဲ - ကျေးလက်ဒေသ မိခင်နှင့်ကလေးများ၏ အာဟာရ

သြဂုတ်လမှာ ကျရောက်မယ့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပါတ်များကို ပံ့ပိုးတဲ့အနေနဲ့ LIFT ရဲ့ ၂ဝ၁၆ခုနှစ် ဓါတ်ပုံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ အားလုံးကို ဖိတ်ခေါ်အပ်ပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရရှိသူအနေနဲ့ Nikon Coolpix ကင်မရာကို ရရှိမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် စိတ်ကြိုက်ပုံဖော်နိုင်ပြီး ကျေးလက်ဒေသ မိခင်နှင့်ကလေးများ၏ အာဟာရ ကို ပုံဖော်ထားထားတဲ့ ရိုက်ကူးချက်အများကြီး ပါဝင်ကြမယ်လို့ မျှော်လင့်မိပါတယ်။

အကြောင်းအရာပုံဖော်မှု။  ။ မြန်မာနိုင်ငံ ကျေးလက်ဒေသ၏ မိခင်နှင့်ကလေးများ၏ အာဟာရ

ပါဝင်နိုင်သူများ  ။  ။ LIFT နှင့် ဆက်စပ်လျက်ရှိသူများ အားလုံး - မိတ်ဖက်အဖွဲ့များ အပါအဝင် ဝန်ကြီးဌာနများ၊ အလှုရှင်စုပေါင်းအဖွဲ့၊ အလှုရှင်ဘုတ်အဖွဲ့၊ LIFT ရန်ပုံငွေ စီမံခန့်ခွဲမှုရုံး၊ LIFT စီမံချက်များကို အကောင်အထည်ဖော်လျက် ရှိသည့် မိတ်ဖက်အဖွဲ့များ နှင့် စီမံချက် အကျိုးခံစားရသူများ

နေ့ရက်  ။  ။ ပြိုင်ပွဲဝင် ဓါတ်ပုံများကို ၃ဝရက် ဇူလိုင်လ ၂ဝ၁၆ ခုနှစ်မှစတင်ပေးပို့နိုင်ပြီး သြဂုတ်လ ၁ဝရက် ၂ဝ၁၆ ခုနှစ် (မြန်မာစံတော်ချိန် ညနေ ၅နာရီ) နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပါတယ်။

စည်းကမ်းချက်များ။

  • ကျေးလက်ဒေသ၏ မိခင်နှင့် ကလေးများ၏ အာဟာရကဏ္ဍကို ပုံဖော် ရိုက်ကူးထားတဲ့ အကောင်းဆုံး ဓါတ်ပုံ ၃ ပုံ (ပုံညွှန်းပါ) ကို Ms. Abigail Samuelsen abigailbms@unops.org သို့ သြဂုတ်လ ၁ဝရက် နေ့ နောက်ဆုံးထား၍ ပေးပို့ပါ။
  • ပြိုင်ပွဲဝင်ဓါတ်ပုံများမှ အကောင်းဆုံး ၁ဝ ပုံကို LIFT မှ စကာတင် ရွေးချယ်မည်။
  • စကာတင် ရွေးချယ်ခံရသည့် အကောင်းဆုံး ၁ဝပုံကို LIFT ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တင်ပြီး  သြဂုတ်လ ၂၄ရက် (မြန်မာစံတော်ချိန် ညနေ၅နာရီ နောက်ဆုံးထားပြီး) “like” အများဆုံးရရှိသည့် ပုံကို ပြိုင်ပွဲဆုရဓါတ်ပုံအဖြစ် သတ်မှတ်မည်။
  • ဆုရရှိသူကို သြဂုတ်လ ၂၅ ရက်တွင် ကြေငြာမည်။
  • ပြိုင်ပွဲများသည် ရိုက်ကူးထားသည့် မိခင်နှင့်ကလေးများ၏ ပြိုင်ပွဲဝင်ခြင်းအတွက် ခွင့်ပြုချက် ရထားပြီး ဖြစ်ရမည်။
  • သတိချပ်ရန်မှာ ပြိုင်ပွဲဝင်ဓါတ်ပုံများကို (မိုဘိုင်း၊ ကင်မရာငယ်များ စသည်တို့ဖြင့်ပါ ရိုက်ကူးနိုင်ပြီး) ပရော်ဖက်ရှင်နယ်ရိုက်ကူးထားခြင်းဖြစ်ရန်မလိုပါ။

 

** ယခင်ပြိုင်ပွဲများတွင် ပြိုင်ဖူးသော ဓါတ်ပုံများ၊ စာရွက်စာတမ်း အစီရင်ခံစာများတွင် အသုံးပြုဖူးသော ဓါတ်ပုံများ မဖြစ်ရပါ။

** အငြင်းပွားစရာတစ်စုံတစ်ရာဖြစ်ပါက LIFT ၏ ဆုံးဖြတ်ချက်သည်သာ တရားဝင် ဖြစ်ပါသည်။

 ** စကာတင် ရွေးချယ်ခံရသည့် ဓါတ်ပုံများတွင် ပါဝင်သည့် မိခင်/ကလေးများကိုလည်း LIFT ၏ မိတ်ဖက်အဖွဲ့ဖြစ်သည့် PATH အဖွဲ့ မှ အားဖြည့်ဆန်အိတ်များကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါသည်။

 

လူကြီးမင်းတို့၏ စိတ်ဝင်စားဖွယ် ဓါတ်ပုံများစွာရရှိမယ်လို့ မျှော်လင့်မိပါသည်။ မရှင်းလင်းသည့် အချက်များ၊ သိရှိလိုကြသည်များအတွက် Abigail နှင့် မဆုမွန်အောင် hsumona@unops.org သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပြိုင်ပွဲပိုစတာကို ဒီလင့်ခ် မှာ (English , ြမန်မာ) ရယူပါ။ ပိုစတာကို လူကြီးမင်းတို့ ရုံးများရှိ ကြော်ငြာဘုတ်များနှင့် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ထပ်ဆင့်မျှဝေကြဖို့လည်း မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။