Lulling her newborn son on a doorstep of her house in the Ho Nam village of Shan State, a 27-year old Nang Kyuu who recently returned from Thailand recalls her long way home and support from a community organization during the most critical times of her journey.
Prior to the outbreak of COVID-19, Nang Kyuu had migrated to join her husband in Thailand through a local broker while she was pregnant. The broker charged her 5.5 lakh but she could not afford this and had to borrow the money at 10 per cent interest. Once in Thailand, Nang Kyuu worked at a durian processing factory for 4 months making only 6,000 baht per month, which was well below the legal minimum in Thailand. It was not enough to save money or pay back the loan she had taken to migrate to Thailand. However, due to her pregnancy and the arrival of the COVID-19 pandemic, she decided to return to Myanmar. She was particularly worried she would be unable to access health services at a Thai hospital due to the language barrier.
While her return journey went smoothly, Nang Kyuu faced many challenges in her home village, where she was placed in the village quarantine facility for 14 days. After just one night in quarantine, Nang Kyuu suffered a risk of miscarriage. She was taken to a local hospital with heavy bleeding, where medical personnel explained that she needed surgery and rented a car to send her to Taunggyi.
As neither Nang Kyuu nor her accompanying relatives spoke Burmese, communication with the hospital staff in Taunggyi proved very challenging. A community-based organization who were helping Nang Kyuu contacted the IOM’s partner - Parami Development Network (PDN) - to provide additional support. Through funding from LIFT, the IOM Twe Let project launched an emergency response programme to support the safe return of migrants by providing them with essential items and services.
PDN immediately went to the hospital to provide assistance and stayed with Nang Kyuu to support with the interpretation of administered medication. PDN has also supported to cover the hospital costs such as medicines, surgery and blood transfusion as well as assisted during out-of-the-hospital recovery.
“The support of PDN has been really helpful for me and my family. They paid for the hospital costs, transportation costs, and also gave translation support, all of which was very helpful. I and my family are really grateful to PDN,” said Nang Kyuu.
After returning home, Nang Kyuu continued facing many challenges. Still recovering after a surgery, she can manage only simple day labour works for as small as 3,000 kyat per day as her husband couldn’t remit any money due to adverse reduction of wages caused by the COVID-19 pandemic. She is very grateful for the extensive continuous support provided by PDN, however, she also requested that “organisations and government authorities should support the livelihoods of people returning to Myanmar more and try to create local jobs. I would like to have the opportunity to open a small shop since it would be easier on my health.”
Source: IOM, revised by LIFT
(Myanmar language)
ထိုင်းကနေ အိမ်ကို ပြန်ရောက်လာဖို့အတွက် ခရီးရှည်ကြီးဖြတ်သန်းခဲ့ရသူ မနန်းကြူး
ရှမ်းပြည်နယ် ဟိုနမ်ရွာက သူမရဲ့ အိမ်လှေခါးတက်လေးမှာ မွေးကင်းစ သားငယ်လေးကို ချော့သိပ်နေရင်း အခုလို အိမ်ပြန်နိုင်ဖို့အတွက် ကြိုးစားခဲ့ရတာတွေ၊ တကယ်အရေးကြုံလာတဲ့အချိန်မှာ ရပ်ရွာအဖွဲ့အစည်းတွေက သူမကို ကူညီပေးခဲ့တာတွေကို အမှတ်ရနေမိပါတယ်။ နန်းကြူးက အသက် ၂၇နှစ်ရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံကနေ မကြာသေးခင်ကမှ ပြန်လာခဲ့တာဖြစ်ပါတယ်။
ရွာက ပွဲစားတစ်ယောက်ရဲ့ အကူအညီနဲ့ အခုလို ကိုဗစ်နိုင်တင်းကပ်ရောဂါ မဖြစ်ခင်မှာ ထိုင်းနိုင်ငံက သူမအမျိုးသားဆီ လိုက်သွားခဲ့ပါတယ်။ အဲဒီတုန်းက ကိုယ်ဝန်ကြီးနဲ့ပေါ့။ ပွဲစားက ပွဲခအနေနဲ့ ၅သိန်းခွဲတောင်းတော့ သူမမှာ ဘယ်ရှိလိမ့်မလဲ။ အဲဒါနဲ့ပဲ တစ်ဆယ်တိုးနဲ့ ချေးပြီး ပေးလိုက်ရတယ်။ ထိုင်းဘက်ကို ရောက်တော့ ဒူးရင်းသီးနဲ့လုပ်တဲ့ မုန့်တွေ ထုတ်တဲ့ စက်ရုံမှာ တစ်လကို ဘတ် ၆,၀၀၀ နဲ့ လေးလလောက် အလုပ်ရတယ်။ ဘတ် ၆၀၀၀က ထိုင်းမှာ တရားဝင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာထက် နည်းပါတယ်။ ဒီငွေလေးနဲ့ ပိုဖို့လျှံဖို့ နေနေနေသာသာ တင်နေတဲ့ အကြွေးတောင် မဆပ်နိုင်ပါဘူး။ ဒါပေမယ့်လည်း မီးဖွားဖို့ရှိနေတာရော၊ ကိုဗစ်ကပ်ရောဂါ ဖြစ်နေတာရောကြောင့်မို့ မြန်မာနိုင်ငံကို ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ သူက ထိုင်းလိုလည်း မပြောတတ်တော့ ထိုင်းဘက်က ဆေးရုံတွေမှာ မွေးဖို့အတွက် အခက်အခဲဖြစ်နိုင်မှာ စိုးတာကြောင့်က အဓိကပေါ့။
ပြန်လာတဲ့ ခရီးတလျှောက် အဆင်ပြေချောမွေ့ခဲ့ပေမယ့် ရွာရောက်မှ အခက်အခဲတွေ စတွေ့ရတော့တာပဲ။ ရွာက ကွာရမ်တင်းစင်တာမှာ ၁၄ရက် နေရတယ်။ ကွာရမ်းတင်းစင်တာရောက်ပြီး နောက်တစ်ရက်မှာပဲ သွေးဆင်းတာ စဖြစ်တယ်၊ သွေးဆင်းတာ အရမ်းများလာတော့ အနီးနားက ဆေးရုံကို အမြန်ပို့ပေးကြတယ်။ အရေးပေါ်ခွဲမွေးမှ ရမယ်လို့ ဆေးရုံက ဆရာမက ပြောလိုက်တာကြောင့် တောင်ကြီးကို သွားဖို့ ကားငှားလိုက်ရတယ်။
နန်းကြူးရော သူနဲ့ အဖော်ပါလာတဲ့ အမျိုးတွေရောက ဗမာစကား ကောင်းကောင်းမပြောတတ်ကြတော့ တောင်ကြီးက ဆေးရုံဝန်ထမ်းတွေနဲ့ ပြောရဆိုရတာ အခက်အခဲတွေရှိခဲ့ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက် နန်းကြူးကို ကူညီပေးနေတဲ့ ဒေသခံအဖွဲ့အစည်းက IOM ရဲ့ မိတ်ဖက်အဖွဲ့ဖြစ်တဲ့ ပါရမီဖွံဖြိုးရေး ဖောင်ဒေးရှင်း (Parami Development Foundation - PDN) ကို ဆက်သွယ်ခဲ့ကြတယ်။ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားတွေအတွက် အရေးပါတဲ့ ဝန်ဆောင်မှုတွေ၊ ပစ္စည်းတွေ ပံ့ပိုးပေးဖို့အတွက် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်ကို IOM တွဲလက်စီမံချက်က LIFT ရန်ပုံငွေ ပံ့ပိုးမှုနဲ့ စတင်ဆောင်ရွက်ခဲ့ပါတယ်။
PDNက သူ့ဆီ အကူညီတောင်းခံလာတာကို ရတာနဲ့ ချက်ချင်းပဲ ဆေးရုံကိုသွားပြီး နန်းကြူး လိုအပ်တဲ့ အကူအညီတွေပေး၊ ဆေးရုံမှာလည်း အတူ စောင့်ပေးပြီး ဘာသာပြန်ပေးရင်းနဲ့ ကူညီခဲ့ပါတယ်။ ဆေးရုံတက်နေစဉ်မှာ ကုန်ကျတဲ့ ဆေးဖိုး၊ ခွဲစိတ် စရိတ်၊ သွေးသွင်းတာ စတဲ့တွေအတွက်လည်း အကူအညီပေးခဲ့ပါတယ်။
"PDN ရဲ့ အကူအညီက ကျွန်မနဲ့ ကျွန်မ မိသားစုအတွက် အရမ်းကို အထောက်အကူဖြစ်ပါတယ်။ ဆေးရုံစရိတ်တွေ၊ သွားဖို့လာဖို့ စရိတ်တွေ ပေးတဲ့အပြင် ဘာသာပြန်ပေးတာတွေနဲ့ ကူညီပေးတာတွေ အကုန်လုံးက အရမ်းကို အထောက်အပံ့ရပါတယ်။ အဲဒီအတွက်လည်း ကျွန်မတို့ မိသားစုအကုန်လုံးက PDN ကို ကျေးဇူးအထူးတင်ပါတယ်" လို့ နန်းကြူးက ပြောပါတယ်။
နန်းကြူးတစ်ယောက် ဆေးရုံကနေ အိမ်ပြန်ရောက်ပြီးနောက်မှာ အခက်အခဲတွေကို ဆက်ရင်ဆိုင်ရဆဲပါ။ ကိုဗစ်ဖြစ်သွားတော့ လုပ်ခလစာတွေ လျှော့လိုက်တဲ့အတွက်ကြောင့် သူမအမျိုးသားကလည်း အရင်လို ငွေပြန်မပို့နိုင်တော့ပါဘူး။ ဒါနဲ့ပဲ တစ်ရက် ၃,၀၀၀ နဲ့ နေ့စားအလုပ်လေးတွေ လုပ်ရပါတယ်။ PDN က အကူအညီတွေ ဆက်ပေးနေတာကို ကျေးဇူးအရမ်းတင်ပေမယ့်လည်း "အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေအနေနဲ့ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ပံ့ပိုးပေးသင့်ပါတယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ကျွန်မ ကျန်းမာရေးနဲ့ အဆင်ပြေမယ့် ဆိုင်အသေးလေး တစ်ခုလောက် ဖွင့်လို့ရရင်တော့ ကောင်းမှာပေါ့ရှင်" လို့ နန်းကြူးက မေတ္တာရပ်ခံလိုက်ပါတယ်။