(Myanmar version below)

Yangon, Myanmar - In the first major study on the prevalence of forced labour in Myanmar since 2015, the UNOPS-managed Livelihoods and Food Security Fund (LIFT) shows that one in six workers in low-skilled employment is in a situation of forced labour due to multiple gaps in existing labour protection frameworks.

The LIFT-funded report From the Rice Paddy to the Industrial Park: Working Conditions and Forced Labour in Myanmar’s Rapidly Shifting Labour Market assesses the practical experiences of over 2,400 low skilled workers in relation to freedom of association, wage protection, equal treatment of women, access to justice and other key labour rights. 

The study reveals that despite advances being made in increasing workers’ rights, 91 percent of interviewed workers had no formal contract and 93 per cent of workers had no access to social security. This is largely attributed to the decades under neglect - leading up to 2000 - when workers in Myanmar were left without access to basic rights and unprotected by an outdated legislative framework. While reforms to labour governance were initiated in 2010, the labour market itself has continued to be dominated by informality and poor working conditions. 

The research findings showed an alarming prevalence of the two elements of forced labour, ‘involuntary work’, experienced by a staggering 63 per cent of workers and ‘threat or menace of penalty’ among low-skilled workers reported by 19 percent of respondents.

Not being told about dangerous working conditions (32 per cent), working for very low wages (25 percent), degrading living conditions in employer-provided housing (16 per cent) and a job that differed to what was agreed upon (11 per cent) are named as the most common forms of involuntary work. These and other findings suggest a high prevalence of exploitative employment practices and a lack of decent work opportunities for workers which are compounded by considerable practical restrictions on freedom of association and collective bargaining as well as by limitations in the reach or effectiveness of available assistance. 

The study also provides evidence of the informality of the labour market information system, with over 50 per cent of workers reporting having found jobs by word of mouth and 47 per cent securing their employment through direct hire by the employer. Only (1 per cent) of workers interviewed were recruited through a labour broker (pwe sar in Myanmar language).

The COVID-19 pandemic further accentuated workers’ vulnerabilities with the survey finding that nearly three-quarters of low-skilled workers (73 per cent) reported some reduction in income during COVID-19, while (43 per cent) lost their jobs entirely.

Following the 1 February military takeover of government and the current COVID-19 third wave there has been a further dramatic rise in unemployment amounting to up to 1.2 million job losses in the second quarter of 2021. The sectors hardest hit are those that are the focus of this study, construction, garments, tourism and hospitality. All indications are that the unfolding political and socio-economic crisis will roll back years of hard-fought gains made in expanding labour protection during recent years, particularly through the suppression of trade unions and labour organisations. 

“The study provides a critical line in the sand for the status of working conditions before the military’s declaration of a state of emergency and the outbreak of the third wave of COVID-19,” remarked LIFT Fund Director Katy Webley. “The situation of forced labour in Myanmar was significant before 1 February, but there were many individuals and organisations working together to create a momentum of change; the past few months however have seen the situation deteriorate dramatically.” 

Mass loss of employment and increased desperation for income will increase the vulnerability of Myanmar’s workers to exploitative labour practices and forced labour both in Myanmar and abroad. The impact of the political situation on workers in Myanmar must continue to be monitored closely with decisive actions taken to ensure that fundamental labour rights are safeguarded from abuse. LIFT’s donors remain committed to supporting the resilience and sustainable livelihoods of poor and vulnerable groups in Myanmar. 

The research report can be viewed here: From the Rice Paddy to the Industrial Park: Working Conditions and Forced Labour in Myanmar’s Rapidly Shifting Labour Market 

......................................................................

For more information, please contact: 

Elizaveta Zalkind
Communications Specialist
Tel: (+95) 9 25 984 6815 
Email: elizavetaz@unops.org 

Hsu Mon Aung
Communications Analyst
Tel: (+95) 9 44 800 7372

.................................................................

UNOPS မှ စီမံခန့်ခွဲသော အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ၏ ခန့်မှန်းချက်အရ ကျွမ်းကျင်မှုနည်းပါးသော အလုပ်အကိုင်များ လုပ်ကိုင်နေကြသည့် မြန်မာလုပ်သား ခြောက်ဦးတွင် တစ်ဦးသည် အဓမ္မအလုပ်ခိုင်းစေမှု ခံနေရသည့် အခြေအနေတွင် ရှိဟုဆို
 
ရန်ကုန်၊ မြန်မာ - ၂၀၁၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံရှိ အဓမ္မအလုပ်ခိုင်းစေခံရမှု ဖြစ်ပွားနှုန်းကို အဓိက လေ့လာခဲ့သည့် ပထမဆုံးသော လေ့လာမှုအရ  လက်ရှိအလုပ်သမား ကာကွယ်စောင့်ရှောက်ရေး မူဘောင်များရှိ ကွာဟချက် အများအပြားကြောင့် ကျွမ်းကျင်မှုနည်းပါးသော အလုပ်အကိုင်များ လုပ်ကိုင်နေကြသည့် လုပ်သားခြောက်ဦးတွင် တစ်ဦးသည် အဓမ္မအလုပ်ခိုင်းစေခံနေရသည့် အခြေအနေတွင်ရှိကြောင်း UNOPS မှ စီမံခန့်ခွဲသော အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံ ရေးရန်ပုံငွေ (LIFT) က ဖော်ထုတ်လိုက်ပါသည်။
 
LIFT ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် ပြုစုထုတ်ပြန်သော  စပါးခင်းဆီမှ စက်မှုဥယျာဉ်ဆီသို့ - မြန်မာနိုင်ငံရှိ လျှင်မြန်စွာ ပြောင်းလဲနေသော လုပ်သားဈေးကွက်အတွင်းရှိ အလုပ်လုပ်ကိုင်ရသော အခြေအနေများနှင့် အဓမ္မ အလုပ်ခိုင်းစေမှု (From the Rice Paddy to the Industrial Park: Working Conditions and Forced Labour in Myanmar’s Rapidly Shifting Labour Market) ဟူသည့် အစီရင်ခံစာတွင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်၊ လုပ်ခလစာ အာမခံချက်ရှိစေရန် ကာကွယ်စောင့်ရှောက်ပေးမှု၊ အမျိုးသမီးများအား တန်းတူညီမျှ ဆက်ဆံမှု၊ တရားမျှတမှုအား လက်လှမ်းမီမှုအပြင် အခြားသော အဓိကကျသည့် အလုပ်သမားအခွင့်အရေးများနှင့် စပ်လျဉ်း၍ ကျွမ်းကျင်မှုနည်းပါးသော လုပ်သားပေါင်း ၂,၄၀၀ ကျော်၏ လက်တွေ့ဘဝတွင် ကြုံတွေ့နေရသော အတွေ့အကြုံများကို ဆန်းစစ် လေ့လာထားပါသည်။  
 
အလုပ်သမားများ၏ အခွင့်အရေးများ တိုးမြှင့်ရရှိစေရန် ဆောင်ရွက်ရာတွင် တိုးတက်မှုများ ရှိလာသော် လည်း တွေ့ဆုံမေးမြန်းခဲ့သည့် အလုပ်သမားများ၏ ၉၁ ရာခိုင်နှုန်းသည် တရားဝင်စာချုပ်စာတမ်းဖြင့် အလုပ်ခန့်ထားခံရခြင်း မဟုတ်သလို အလုပ်သမားများ၏ ၉၃ ရာခိုင်နှုန်းသည် လူမှုဖူလုံရေး အစီအစဉ်များကို လက်လှမ်းမီခြင်း မရှိကြောင်း လေ့လာမှုက ဖော်ပြထားပါသည်။ ဤသို့ဖြစ်ရခြင်းမှာ အဓိကအားဖြင့် အာဏာရှင်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ်နှင့်ချီ၍ လျစ်လျူရှုခံထားခဲ့ရသဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားများသည် ၎င်းတို့၏ အခြေခံအခွင့်အရေးများကို လက်လှမ်းမီရရှိခြင်း မရှိဘဲ ခေတ်နောက်ကျနေသည့် ဥပဒေမူဘောင်များကြောင့် ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု ကိုလည်း မရရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ၂၀၁၀ ခုနှစ်တွင် အလုပ်သမားအုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ စတင်ဆောင်ရွက်ခဲ့သော်လည်း လုပ်သားဈေးကွက်အတွင်းတွင် ကျပန်းအလုပ်အကိုင်များနှင့် ဆိုးရွားသော လုပ်ငန်း ခွင်အခြေအနေများတွင် လုပ်ကိုင်နေရမှုများ ဆက်လက်ကြီးစိုးနေခဲ့ပါသည်။ 
 
သုတေသနတွေ့ရှိချက်များအရ အဓမ္မအလုပ်ခိုင်းစေမှု၏ အစိတ်အပိုင်းနှစ်ခုဖြစ်သော ‘သဘောဆန္ဒမပါရှိ ဘဲ လုပ်ကိုင်ရမှု’ နှင့် ‘အပြစ်ပေးခံရမည်ဟု ခြိမ်းခြောက်မှု သို့မဟုတ် အန္တရာယ်ပြုမှု” တို့ ဖြစ်ပွားမှုနှုန်း သည် ထိတ်လန့်ဖွယ်ရာ ဖြစ်နေကြောင်း တွေ့ရှိရပါသည်။ ‘သဘောဆန္ဒမပါဘဲ အလုပ်လုပ်နေရသည်’ ဟု ဖြေဆိုသည့် အလုပ်သမားများသည် ၆၃ ရာခိုင်နှုန်းအထိ ရှိနေသဖြင့် အံ့ဩလောက်ဖွယ် များပြားနေပါသည်။ ဖြေဆိုသူများ၏ ၁၉ ရာခိုင်နှုန်းကမူ ကျွမ်းကျင်မှု နည်းသော လုပ်သားများကြား ‘အပြစ်ပေးခံရမည် ဟု ခြိမ်းခြောက်မှု သို့မဟုတ် အပြစ်ပေးခံရသည့် အန္တရာယ်’ ကို ရင်ဆိုင်ကြုံတွေ့ရသည်ဟု ဆိုပါသည်။ 
 
အန္တရာယ်ရှိသည့် လုပ်ငန်းခွင်အခြေအနေတွင် အလုပ်လုပ်ရခြင်း (၃၂ ရာခိုင်နှုန်း) အပြင် အတွေ့ရအများဆုံးသော သဘောဆန္ဒမပါဘဲ လုပ်ကိုင်ရမှု ပုံစံများမှာ ရရှိသည့် လုပ်ခလစာ အလွန်နည်းပါးခြင်း (၂၅ ရာခိုင်နှုန်း)၊ အလုပ်ရှင်မှပေးသော အိမ်ရာများသည် နေထိုင်ရန်သင့်တင့်လျောက်ပတ်သည့် အခြေအနေ မရှိခြင်း (၁၆ ရာခိုင်နှုန်း) နှင့် ရရှိသည့်အလုပ်သည် မူလသဘောတူထားသည့်အတိုင်းမဟုတ်ဘဲ ကွာခြားနေခြင်း (၁၁ ရာခိုင် နှုန်း) တို့ ဖြစ်ပါသည်။ အဆိုပါတွေ့ရှိချက်များနှင့် အခြားသော တွေ့ရှိချက်များကို ကြည့်လျှင် ခေါင်းပုံဖြတ်သည့် အလုပ်ခန့်ထားမှု အလေ့အထများ များပြားစွာ ဖြစ်ပေါ်နေပြီး သင့်တင့်မျှတသော အလုပ်အကိုင်အခွင့်အလမ်းများ မရှိကြောင်း သိရှိနိုင်ပါသည်။ ထို့ပြင် လက်တွေ့တွင် အသင်းအဖွဲ့ များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် လုပ်သားများ စုပေါင်း၍ ညှိနှိုင်းတောင်းဆိုခွင့်များအပေါ် ကြီးမားသော ကန့်သတ်ပိတ်ပင်မှုများ ရှိနေခြင်းနှင့် ရရှိနိုင်သော ကူညီထောက်ပံ့မှုများကို လက်လှမ်းမီရေး သို့မဟုတ် ထိရောက်မှုရှိရေးတွင် အကန့်အသတ်များ ရှိနေခြင်းတို့က အထက်ဖော်ပြပါ အခြေအနေများကို ပို၍ပင် ဆိုးရွားစေလျက် ရှိပါသည်။   

ထို့ပြင် တရားဝင် လုပ်သားဈေးကွက်သတင်းအချက်အလက်စနစ်တစ်ခု ပုံစံတကျရှိမနေသည့် အထောက်အထား များကိုလည်း လေ့လာမှုတွင် တွေ့ရှိရပါသည်။ လုပ်သားများ၏ ၅၀ ရာခိုင်နှုန်းကျော်သည် တစ်ဆင့် စကားဖြင့်သာ အလုပ်ရခဲ့ခြင်းဖြစ်ကြောင်း ဖြေဆိုကြပါသည်။ ၄၇ ရာခိုင်နှုန်းကမူ အလုပ်ရှင်မှ ၎င်းတို့ကို တိုက်ရိုက်ဆက်သွယ် ငှားရမ်းခြင်းကြောင့် အလုပ်ရသည်ဟု ဆိုပါသည်။ တွေ့ဆုံမေးမြန်းခဲ့သည့် အလုပ်သမားများ၏ ၁ ရာခိုင်နှုန်းကသာ ၎င်းတို့အား အလုပ်အကိုင်ပွဲစားမှတစ်ဆင့် အလုပ်ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားလာခြင်းကလည်း အလုပ်သမားများ၏ ထိခိုက်လွယ်မှုများကို ပို၍ ထင်ရှားပေါ်လွင်လာစေပါသည်။ စစ်တမ်းတွေ့ရှိချက်များအရ ကျွမ်းကျင်မှုနည်းသော လုပ်သားများ၏ လေးပုံသုံးပုံနီးပါး (၇၃ ရာခိုင်နှုန်း) သည် ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေလျော့နည်းသွားသည်ဟု ဆိုပြီး ၄၃ ရာခိုင်နှုန်းကမူ အလုပ်အကိုင်များ လုံးဝဆုံးရှုံးခဲ့ရသည်ဟု ဆိုပါသည်။

ဖေဖေါ်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုနှင့် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ တတိယလှိုင်းတို့ကြောင့် အလုပ်လက်မဲ့နှုန်းများ တရှိန်ထိုးဆက်လက်မြင့်တက်လာပြီး ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်ကာလ အတွင်းတွင် အလုပ်အကိုင်ဆုံးရှုံးမှုပေါင်း ၁.၂ သန်းအထိ ရှိလာပါသည်။  အပြင်းထန်ဆုံးထိခိုက်ခံရသည့် ကဏ္ဍများမှာ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများ ဖြစ်ပြီး ထိုကဏ္ဍများကို ဤလေ့လာမှုတွင် အဓိကထားလေ့လာခဲ့ပါသည်။ ဖြစ်ပွားပေါ်ပေါက်လာသော နိုင်ငံရေးနှင့် လူမှုစီးပွားဆိုင်ရာ အကျပ်အတည်းများကြောင့် မကြာသေးမီနှစ်များအတွင်း အလုပ်သမား ကာကွယ်စော့င်ရှောက်မှု တိုးမြှင့်ရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းရရှိထားသည့် အောင်မြင်မှုအများ အပြားကို ပြန်လည်ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း အထောက်အထားများအားလုံးက ညွှန်ပြနေပါသည်။ အထူးသဖြင့် အလုပ်သမားသမဂ္ဂများနှင့် အလုပ်သမား အဖွဲ့အစည်းများကို ဖိနှိပ်မှုများမှတစ်ဆင့် ထို ဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။

“ယခု လေ့လာမှုက စစ်ဘက်မှ အရေးပေါ်အခြေအနေကြေညာခြင်းနှင့် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားခြင်းမတိုင်မီက အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် လုပ်ငန်းခွင်အခြေအနေများ၏ အနေအထားကို ဖော်ထုတ်ပေးသည့် အရေးကြီးသော လေ့လာမှုတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေမှုအခြေအနေက ဖေဖေါ်ဝါရီလ (၁) ရက်နေ့မတိုင်မီကတည်းက အရေးကြီးတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ သို့သော် အပြောင်းအလဲတစ်ခုကို အရှိန်ရအောင် လူအများအပြားက အတူတကွလက်တွဲကြိုးပမ်းနေချိန်မှာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း အခြေအနေ ရုတ်ခြည်း ဆိုးရွားပြင်းထန်လာတာကို တွေ့မြင်ခဲ့ကြရပါတယ်” ဟု LIFT ရန်ပုံငွေ၏ ညွှန်ကြားရေးမှူးဖြစ်သူ Katy Webley က ပြောကြားသွားပါသည်။
 
အလုပ်အကိုင်အများအပြား တပြိုင်တည်း ဆုံးရှုံးရမှုနှင့် ဝင်ငွေရရှိရန် အသည်းအသန်ကြိုးပမ်းရှာဖွေရမှုများ တိုးပွားလာခြင်းသည် မြန်မာနိုင်ငံရှိ အလုပ်သမားများ ကြုံတွေ့ခံစားနေရသည့် ခေါင်းပုံဖြတ်အမြတ်ထုတ်သော အလေ့အထများနှင့် ပြည်တွင်းပြည်ပ အဓမ္မအလုပ်ခိုင်းစေခံရမှုတို့အား ထိခိုက်လွယ်မှု ကိုသာ တိုးပွားလာစေမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အလုပ်သမားများအပေါ် နိုင်ငံရေးအခြေအနေ၏ သက်ရောက်မှုအား အနီးကပ် ဆက်လက်စောင့်ကြည့်လေ့လာသွားရမည်ဖြစ်ပြီး အခြေခံအလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရခြင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် တိကျပြတ်သားစွာ ဆုံးဖြတ်လုပ်ဆောင်မှုများ လိုအပ်မည်ဖြစ်ပါသည်။ LIFT ၏ အလှူရှင်များသည် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်သော လူအုပ်စုများ၏ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းနှင့် ရေရှည်လုပ်ကိုင်စားသောက်နိုင်သော အသက်မွေးဝမ်းကျောင်းမှုများ ရရှိရေးအတွက် ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ခိုင်မာစွာ ကတိပြုထားပါသည်။  

သုတေသနအစီရင်ခံစာကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည် 

.......................................................................... 
ထပ်မံသိလိုသည်များရှိပါက ဆက်သွယ်ရန် 

Elizaveta Zalkind
Communications Specialist
Tel: (+95) 9 25 984 6815 
Email: elizavetaz@unops.org 

Hsu Mon Aung
Communications Analyst
Tel: (+95) 9 44 800 7372
Email: hsumona@unops.org