LIFT partners respond to COVID-19
LIFT's partners are well-positioned to adapt and assist the management of the COVID-19 crisis and they are already responding by supporting Myanmar's vulnerable communities. Here is an example by LIFT's implementing partner Eden to inspire....
See the video here: https://www.facebook.com/liftfund/videos/3212782562100515/.
Myanmar's poorest peri-urban communities already experience an acute lack of income. Add a lack of savings, lack of hygiene items, and a lack of knowledge regarding COVID-19 and methods to protect oneself and reduce transmission. A vast number of people in these communites, including migrants and their families, already suffer from weakened immune systems and illnesses and they live in densely populated settlements. In this precarious and desperate situation, the impending proliferation of COVID-19 in these communities is projected to be swift and extensive. Pressure and desperation will drive families towards seeking any income opportunities no matter the human cost, which in turn is likely to result in significantly increased human trafficking and child labor, abuse and exploitation.
Eden, working with their NGO partner New Hope, have proposed a multi-pronged, multi-staged approach which would enable families to both cover their most urgent nutritional needs (and thus prevent prolonged malnutrition and additionally weakened immune systems), as well as the need for access to virus-prevention items such as masks and soap along with behavior changes related to hygiene and social interaction practices and enable long term recovery options for financially distressed families.
Eden and New Hope will work through the established household and community networks to distribute information and supplies to vulnerable communities at risk for COVID-19. This program addresses both short term relief and longer-term COVID-19 recovery. Within 7-10 days, at least 8,000 households will be reached to receive a combination of protective masks, soap, and awareness-raising items. This means within 7-10 days around 40,000 people are projected to be reached.
The LIFT FMO has approved USD25,000 within Eden's existing budget for:
Soap, masks, information and behaviour change: Soap and mask production to reach thousands of people and ensure income for the production. Through the distribution of soap and masks, Eden and New Hope will provide information to encourage behavior change and increase handwashing and surface cleaning. Eden will prioritize women-headed households focusing on women’s pivotal role in households and communities, and their unique needs, while engaging both men and women. Eden and New Hope will coordinate the distribution of pamphlets to 1,000 households per day, reaching an average of 5,000 people per day.
Addressing malnutrition and vulnerability: Eden will support New Hope to expand their existing programme of support, as needed, to support children's nutrition through their food/health assistance to the most vulnerable families in Yangon's very poor peri-urban communities.
Second stage anti-trafficking response: COVID-19 promises to have a dramatic effect on families and will result in increased pressure on younger family members to take on the financial burden of the household as older members fall ill or are needed for in-home care. Orphans, as a result of COVID-19, and young family members needed to earn income are at high risk of trafficking both during and post-outbreak. This requires a long-term recovery response, for which Eden has a sustainable strategy in their jewellery social enterprise.
...........................................
(in Myanmar language)
COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ LIFT မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးဆောင်ရွက်မှု
COVID-19 အကျပ်အတည်းနှင့် စပ်လျဉ်းသော စီမံခန့်ခွဲမှုများကို အထောက်အပံ့ဖြစ်စေရန်နှင့် လိုက်လျောညီထွေ ရှိစေရန် အတွက် LIFT ၏ မိတ်ဖက်အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သော ရပ်ရွာလူထုကို ပံ့ပိုးကူညီပေးဖို့ အဆင်သင့်ပြင်ဆင်ထားသည့် အနေအထားတွင် ရှိနေပါသည်။ LIFT ၏ မိတ်ဖက် Eden အဖွဲ့မှ ဆောင်ရွက်ချက်မှာ အားကျအတုယူနိုင်ကြမှာ ဖြစ်သည့်အတွက် မျှဝေပေးလိုက်ပါသည်။
အဆိုပါ ဆောင်ရွက်ချက်နဲ့ပတ်သက်တဲ့ ဗီဒီယိုကို https://www.facebook.com/liftfund/videos/3212782562100515/ မှာ ကြည့်ရှုနိုင်ပါသည်။
မြန်မာနိုင်ငံရှိ ဖွံဖြိုးမှုနောက်အကျဆုံးဖြစ်သော ကျေးလက်မှမြို့ပြသို့ရွေ့ပြောင်းလာကြသူများမှာ ဝင်ငွေမရှိတော့သည့် အနေအထား ကို ကြုံတွေ့နေကြရပြီဖြစ်ပါသည်။ ထို့အပြင် စုဆောင်းငွေများ မရှိခြင်း၊ တကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ မရှိခြင်း၊ COVID-19 ဆိုင်ရာ ဗဟုသုတများ၊ ယင်းနှင့် စပ်လျဉ်းပြီး မိမိကိုယ်တိုင်အပြင် အခြားကို ကူးစက် ပြန့်ပွားနိုင်မှုများ နှင့် ပတ်သက်သော အကာအကွယ် နည်းလမ်းများ မသိရှိကြခြင်းတို့လည်း ပါဝင်ပါသည်။ လူဦးရေ သိပ်သည်း ထူထပ်သည့် နေရာများတွင် နေရထိုင်နေရသည့်သူ အများအပြား (ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ မိသားစုများ အပါအဝင်)သည် ဖျားနာခြင်း နှင့် ကိုယ်ခံအားစနစ်အားနည်းခြင်းတို့ကို တွေ့ကြုံခံစားနေကြရပြီး ဖြစ်ပါသည်။ အဆိုပါ ရပ်ရွာလူထုများအတွင်း COVID-19 လျင်မြန်စွာ အများအပြားကူးစက်လာနိုင်သည့် ယခုကဲ့သို့ အရေးကြီးသည့် အခြေအနေတွင် ပံ့ပိုးမှုများကို မြန်မြန်ဆန်ဆန်နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ် ပါသည်။ အခက်အခဲအကျပ်အတည်းများကြောင့် မည်သို့သော အခြေအနေဖြစ်ဖြစ် ဝင်ငွေရလမ်းများ ရှာဖွေရန် တွန်းအားဖြစ်လာနိုင်သည်ဖြစ်ရာ လူကုန်ကူးခြင်း၊ ကလေးလုပ်သား၊ ညှင်းပန်းနှိပ်စက်ခြင်း နှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း တို့ တိုးပွားလာမည့် အလားအလာများ ရှိလာမည်ဖြစ်သည်။
Eden အဖွဲ့သည် New Hope NGO နှင့်လက်တွဲပြီး လုပ်ငန်းအစီအစဉ်အများအပြားဖြင့် အဆင့်ဆင့်ဆောင်ရွက် လုပ်ကိုင်သွားမည့် အနေအထားကို အဆိုပြုထားပါသည်။ ၎င်းနည်းဖြင့် မိသားစုများ၏ အာဟာရဆိုင်ရာ အရေးတကြီး လိုအပ်ချက်များ (သို့မှသာ ရေရှည်အာဟာရချို့တဲ့မှု နှင့် ကိုယ်ခံအားစနစ်ကို အားနည်းစေခြင်းတို့ကို ကာကွယ်နိုင်ပြီး) နှင့် ဗိုင်းရပ်စ် ကူးစက်မှုမှ အကာအကွယ်ပေးနိုင်မည့် ပစ္စည်းများ (နှာခေါင်းစည်းများ နှင့် ဆပ်ပြာ များ) နှင့်အတူ တကိုယ်ရေ သန့်ရှင်းရေး နှင့် လူမှုအသိုက်အဝန်းများအကြား ပြောဆိုဆက်ဆံမှု အမူအကျင့်များ နှင့်ဆိုင်သော အမူအကျင့် ပြောင်းလဲရေးအစီအစဉ်များကို ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ ဆောင်ရွက်မှုများသည် ငွေကြေးမပြေလည်သည့် မိသားစုများအတွက် ရေရှည်ကုစားနိုင်မည့် အခြေအနေများကိုလည်း ပေးစွမ်းနိုင်မည် ဖြစ်သည်။
Eden နှင့် New Hope တို့သည် COVID-19 ဖြစ်ပွားနိုင်ချေရှိသော ထိခိုက်လွယ်ရပ်ရွာလူထုများဆီသို့ သတင်း အချက်အလက်များနှင့် ထောက်ပံ့ရေးပစ္စည်းများကို ထူထောင်ထားပြီးဖြစ်သည့် အိမ်ထောင်စုနှင့် ရပ်ရွာလူထု ကွန်ရက်များမှတဆင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။ ဤအစီအစဉ်သည် COVID-19 ကို ရေတိုသာမက ရေရှည်အတွက်ပါ ကုစားနိုင်မည်ဖြစ်သည်။ ၇ရက်မှ ၁ဝရက်အတွင်း အနည်းဆုံး အိမ်ထောင်စုပေါင်း ၈,ဝဝဝသည် အကာအကွယ်ဖြစ်မည့် နှာခေါင်းစည်းများ၊ ဆပ်ပြာ နှင့်အတူ အသိပညာပေးမြှင့်တင်မှုများကို ရရှိကြမည်ဖြစ်သည်။ ဤဆောင်ရွက်မှုသည် စုစုပေါင်းအနေဖြင့် ၇ရက်မှ ၁ဝရက်အတွင်း လူပေါင်း ၄ဝ,ဝဝဝထံသို့ ရောက်ရှိမည်ဖြစ်သည်။
LIFT ရန်ပုံငွေ စီမံခန့်ခွဲမှုရုံးသည် Eden ၏ လက်ရှိစီမံချက်ဘတ်ဂျက်မှ အမေရိကန်ဒေါ်လာ ၂၅,ဝဝဝ ကို အသုံးပြုရန် ခွင့်ပြုထားသည်။ ၎င်းကို -
ဆပ်ပြာ၊ နှာခေါင်းစည်းနှင့် အမူအကျင့်ပြောင်းလဲရေးအတွက် သတင်းအချက်အလက်များ
ဆပ်ပြာနှင့် နှာခေါင်းစည်းထုတ်လုပ်မှုဖြင့် ထောင်ပေါင်းများစွာသောလူများကို ပံ့ပိုးနိုင်ပြီး ထုတ်လုပ်ဖြင့် ဝင်ငွေ ရရှိစေမည် ဖြစ်သည်။ Eden နှင့် New Hope တို့သည် ဆပ်ပြာနှင့်နှာခေါင်းစည်ထုတ်လုပ်မှုနှင့်အတူ လက်ဆေးခြင်း နှင့် သန့်ရှင်းရေးတို့ကို တိုးမြင့်လာစေပြီး အမူအကျင့်ပြောင်းလဲရေးကိုလည်းတိုက်တွန်းလုပ်ဆောင်မည့် အချက်အလက်များကို ပေးအပ်မည် ဖြစ်သည်။ Eden အနေဖြင့် အမျိုးသမီးများ၊ အမျိုးသားများအားလုံး နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်ထောင်စုများနှင့် ရပ်ရွာလူထုများအတွင်းရှိ အမျိုးသမီးများ၏ အရေးပါသည့် ကဏ္ဍနှင့် ၎င်းတို့၏ လိုအပ်ချက်များကို အလေးထားလုပ်ဆောင်မည်ဖြစ်ရာ အမျိုးသမီးဦးစီးသည့် အိမ်ထောင်စုများ အတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။ Eden နှင့် New Hope တို့သည် ပျမ်းမျှ တရက်လျှင် လူပေါင်း ၅,ဝဝဝ/ အိမ်ထောင်စုပေါင်း ၁,ဝဝဝ ဆီသို့ အသိပညာပေးစာစောင်များ ဖြန့်ဖြူးပေးရန် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။
အာဟာရချို့တဲ့မှုနှင့် ထိခိုက်လွယ်မှုကို ဖြေရှင်းဆောင်ရွက်ခြင်း
New Hope မှ လက်ရှိဆောင်ရွက်နေသည့် ပံ့ပိုးမှုများဖြစ်သည့် ရန်ကုန်မြို့ရှိ နွမ်းပါးသောမြို့ပြဒေသမှ ထိခိုက်လွယ် သည့် မိသားစုများကို အစားအစာနှင့်ကျန်းမာရေး အထောက်အပံ့များ လိုအပ်သလို ပံ့ပိုးပေးခြင်းအား တိုးချဲ့ ဆောင်ရွက်နိုင်ရန် Eden က ပံ့ပိုးမည်ဖြစ်သည်။
လူကုန်ကူးမှုကာကွယ်တားဆီးရေးဆောင်ရွက်မှု ဒုတိယအဆင့်
COVID-19 သည် မိသားစုများအပေါ်တွင် အလျင်အမြန်သက်ရောက်နိုင်မည်ဖြစ်ရာ မိသားစုအတွင်းမှ သက်ကြီးပိုင်း များ နာမကျန်းဖြစ်ခြင်း နှင့် အိမ်မှာပင်နေပြီး ပြုစုစောင့်ရှောက်ရမှုများ လိုအပ်လာသည်နှင့်အမျှ ငယ်ရွယ်သည့် မိသားစုဝင်များအပေါ် ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုးဖြစ်လာမှု မြင့်မားလာပေမည်။ COVID-19 ကြောင့် မိဘမဲ့များ နှင့် မိသားစုအတွက် ငယ်ငယ်ရွယ်ရွယ်နှင့် ဝင်ငွေရှာဖွေရသူများမှာ COVID-19 အကျပ်အတည်းကာလ အတွင်းသာမက ထိုကာလလွန်မြောက်ပြီးချိန်များတွင်ပါ လူကုန်ကူးခံရနိုင်သည့် အခြေအနေတွင် ရှိနေပါသည်။ သို့ဖြစ်ရာ ရေရှည်ဖြေရှင်းနိုင်မည့် အစီအစဉ်များ လိုအပ်ပြီး Eden အနေဖြင့် ၎င်းတို့၏ လက်ဝတ်ရတနာထုတ်လုပ်မှု လူမှုစီးပွားလုပ်ငန်းတွင် ရေရှည်တည်တံ့စေမည့် မဟာဗျူဟာကို ထည့်သွင်းထားပါသည်။