LIFT’s COVID-19 response was extended further this week, as the LIFT Fund Board approved new funding under the financial inclusion programme. A total of USD3 million was allocated for the capital market programme with TCX, which will increase liquidity through microfinance institutions (MFIs), supporting up to 600,000 households and small businesses at this turbulent time.
LIFT Fund Board Member Travis Guymon (USAID) commented: “This is a safety net for the most vulnerable that should be supported; these MFIs reach the right target groups for LIFT. The proposal also makes sense from a food security perspective.”
The most important impact of COVID-19 on the MFI sector is a decrease in liquidity (available loan capital). This will decrease the quality of financial services to vulnerable clients, in particular loan size. The new funding will benefit half up to a million people by providing MFIs access to up to a total of USD60 million loan capital. That will allow MFIs to offer loan top-ups of USD100-200 to clients in areas expected to be hit hard by COVID-19, including 4,200 garment workers. (These garment workers have access to financial services from Vision Fund Myanmar’s three branches that serve garment workers.)
LIFT is also engaging with the Government on interest rates, as the recent Government decision to lower the unsecured interest rate from 16 to 14.5 per cent will significantly reduce investment to MFIs. LIFT has requested a waiver for loans under the MFI capital market programme.
LIFT MFI clients are among the poorest and most vulnerable in Myanmar: people with disabilities, households with people with disabilities, landless, internally displaced, migrants, female-headed households, and ethnic minorities (Chin, Rohingya, Karen). These people rely on inclusive finance to borrow and save for both resilience and productive purposes.
In 2019, LIFT microfinance institutions (MFIs) served more than 2.8 million low-income people (92 per cent women), disbursed an estimated USD1.2 billion in loans, and the value of their loan portfolios was USD750 million. Just as importantly, MFIs provided savings services - more than USD100 million was mobilised.
The LIFT capital market (TCX) facility was initially launched in December 2016.
...................................................................
(in Myanmar language)
COVID-19 အကျပ်အတည်းကာလအတွင်းတွင် ငွေရေးကြေးရေးဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုပိုမိုအားကောင်းစေရေး အတွက် LIFT က ဆောင်ရွက်
LIFT ၏ COVID-19 တုန့်ပြန်ဆောင်ရွက်မှုများကို ယခုရက်သတ္တပတ်တွင် ထပ်မံတိုးချဲ့လိုက်ပါသည်။ ယင်းမှာ LIFT ရန်ပုံငွေ ဘုတ်အဖွဲ့မှ အားလုံးပါဝင်လက်လှမ်းမီသော ငွေရေးကြေးရေးအစီအစဉ်အောက်တွင် ရန်ပုံငွေ အသစ်ကို အတည်ပြုချမှတ်ပေးလိုက်ခြင်းဖြစ်ပါသည်။ TCX နှင့် ဆောင်ရွက်မည့် အရင်းအနှီးဈေးကွက်ဖွံဖြိုး တိုးတက်ရေး အစီအစဉ်အတွက် စုစုပေါင်း ကန်ဒေါ်လာ ၃သန်း ချမှတ်ခဲ့ရာ ယခုကဲ့သို့ အကျပ်အတည်းကာလ အတွင်းတွင် စီးပွားရေးလုပ်ငန်းငယ်များနှင့် အိပ်ထောင်စုပေါင်း ၆ဝဝ,ဝဝဝ ကို ပံ့ပိုးပေးမည့် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ (microfinance institutions MFI) ၏ ငွေပေါ်လွယ်မှု (liquidity) ကို တိုးမြှင့်နိုင်လိမ့်မည် ဖြစ်ပါသည်။
“ဒီ (အစီအစဉ်)က ပံံ့ပိုးဖို့လိုအပ်နေတဲ့ အထိခိုက်လွယ်ဆုံးသူတွေအတွက် ရပ်တည်နိုင်ဖို့အနေထားတခု ဖြစ်စေမှာပါ။ MFI တွေကတဆင့် LIFTက ဦးတည်ပံ့ပိုးမယ့် အုပ်စုတွေကို ရောက်ရှိမှာ ဖြစ်ပါတယ်.. ဒီ အဆိုပြုချက်က စားနပ်ရိက္ခာဖူလုံရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အကျိုးဖြစ်ထွန်းတဲ့ အခြေအနေ ရှိပါတယ်”ဟု LIFT ရန်ပုံငွေ ဘုတ်အဖွဲ့ဝင်ဖြစ်သူ Travis Guymon (USAID) မှ မှတ်ချက်ပေးခဲ့ပါသည်။
COVID-19ကြောင့် သက်ရောက်မှုများမှ အရေးကြီးဆုံးတခုမှာ အသေးစားငွေရေးကြေးရေးကဏ္ဍတွင် ငွေပေါ်လွယ်မှု (မတည်ချေးငွေ ရရှိမှု) လျော့ကျသွားခြင်းပင် ဖြစ်ပါသည်။ ၎င်း၏ အကျိုးဆက်အနေဖြင့် ထိခိုက်လွယ်သောသူများ (ငွေစု/ချေးသူ)များအား ငွေကြေးဝန်ဆောင်မှုအရည်အသွေး (ချေးငွေပမာဏ) များ ကျဆင်းလာလိမ့်မည် ဖြစ်ပါသည်။ ရန်ပုံငွေ အသစ်သည် လူပေါင်း ငါးသိန်းခန့်ကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး ကန်ဒေါ်လာ သန်း၆ဝ ပမာဏခန့်ရှိသည့် မတည်ချေးငွေများကို MFI များမှ ချေးယူနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ၎င်း MFI များသည် COVID-19 ကြောင့် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ငွေစုငွေချေးသူ များ (အထည်ချုပ် စက်ရုံလုပ်သား ၄,၂ဝဝ အပါအဝင်) ကို ချေးငွေ ကန်ဒေါ်လာ ၁ဝဝ မှ ၂ဝဝ အထိ (~ ကျပ်ငွေ ၁သိန်း ၄သောင်း မှ ၃သိန်းနီးပါးအထိ) ထပ်တိုးချေးနိုင်မည် ဖြစ်ပါသည်။ (အဆိုပါ စက်ရုံ လုပ်သား များသည် အထည်ချုပ်စက်ရုံလုပ်သားများအတွက် ငွေစုငွေချေးဝန်ဆောင်မှုများပေးအပ်နေသည့် ဗွီရှင်းဖန်း (ဒ်) ၏ ရုံးခွဲ ၃ခုမှ ဝန်ဆောင်မှုများကို ရရှိကြပါသည်)
မကြာသေးမီကပင် နိုင်ငံတော်အစိုးရသည် အာမခံမလိုသည့် ချေးငွေများအတွက် အတိုးနှုန်းကို ၁၆ရာခိုင်နှုန်းမှ ၁၄.၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်ဖြစ်ရာ MFI များအတွက် ရင်းနှီးမြှပ်နှံမှုတွင် သိသိသာသာလျော့ကျသွားမည် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် LIFT သည် အတိုးနှုန်းများအတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါသည်။ LIFT သည် MFI အရင်းအနှီးဈေးကွက်ဖွံဖြိုးရေးအစီအစဉ်ဖြင့် ချေးငွေများအတွက် လျှော့ပေါ့ပေးရန် မေတ္တာရပ်ခံထားပါသည်။
မြန်မာနိုင်ငံရှိ LIFT ပံ့ပိုးပေးသည့် MFIများ၏ ငွေစု/ချေးသူများတွင် အနွမ်းပါးဆုံး နှင့် ထိခိုက်လွယ်ဆုံးသူများ ဖြစ်သည့် မသန်စွမ်းသူများ၊ မသန်စွမ်းသူရှိသည့် အိမ်ထောင်စုများ၊ မြေယာမဲ့များ၊ နေရပ်စွန့်ခွာရွှေ့ပြောင်း နေထိုင်ရသူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ အမျိုးသမီးဦးစီးသည့် အိမ်ထောင်စုများ နှင့် လူနည်းစုတိုင်းရင်းသား များ ပါဝင်ပါသည်။ ၎င်းတို့သည် အားလုံးအကျုံးဝင်လက်လှမ်းမီသည့် ငွေကြေးဝန်ဆောင်မှုများအပေါ်တွင် မှီတည်၍သာ လုပ်ကိုင်နိုင်စွမ်း နှင့် ကြံ့ကြံ့ခံနိုင်စွမ်းများအတွက် ငွေစုငွေချေးခြင်းများ ဆောင်ရွက်နိုင်ကြ ပါသည်။
၂ဝ၁၉ခုနှစ်တွင် LIFT ပံ့ပိုးပေးသည့် MFI များသည် ဝင်ငွေနည်းသည့် ပြည်သူပေါင်း ၂.၈ သန်းကျော် (ယင်းတွင် အမျိုးသမီး ၉၂ရာခိုင်နှုန်းပါဝင်)ကို ကန်ဒေါ်လာ ၁.၂ ဘီလီယံခန့်ရှိသည့် ချေးငွေများ ထုတ်ချေးနိုင်ခဲ့ပြီး MFI များ၏ ချေးငွေတန်ဖိုးမှာ ကန်ဒေါ်လာ သန်ပေါင်း ၇၅ဝ ထိ ရောက်ရှိခဲ့သည်။ ချေးငွေကဲ့သို့ပင် အရေးကြီးသည့် စုငွေဝန်ဆောင်မှုကိုလည်း ကန်ဒေါ်လာ သန်း ၁ဝဝ အထိ ပေးအပ်နိုင်ခဲ့သည်။
LIFT သည် TCX နှင့် အရင်းအနှီးဖွံဖြိုးတိုးတက်ရေးအစီအစဉ်ကို ၂ဝ၁၆ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့သည်။