ဥရောပသမဂ္ဂ (EU) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတွင်းရှိ ယင်းအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဦးဆောင်ပံ့ပိုး ပေးလျက်ရှိပါသည်။

လက်တလောလိုအပ်ချက်များကို ဖြေရှင်းရန်နှင့်၊ ရေရှည်တည်ငြိမ်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုတို့ကို မြှင့်တင်ရန်အတွက် စဉ်ဆက်မပြတ် လူသားချင်းစာနာထောက်ထားမှု နှင့် ဖွံ့ဖြိုးရေး အကူအညီများ ပံ့ပိုးပေးလျက်ရှိသည့် ဥရောပသမဂ္ဂ (EU) သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး နိုင်ငံတကာ မိတ်ဖက်အဖွဲ့များအနက်မှ တစ်ဖွဲ့ ဖြစ်ပါသည်။ ဥရောပသမဂ္ဂ (EU) သည် ငြိမ်းချမ်းရေးနှင့် စီမံအုပ်ချုပ်ရေး၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ၊ အာဟာရ၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပါအဝင် ကဏ္ဍပေါင်းစုံကို ပံ့ပိုးပေးလျက်ရှိပါသည်။

ဥရောပသမဂ္ဂ (EU) သည် အသက်ကယ်ဆယ်ရေး ပံ့ပိုးမှုများ ပေးရန်၊ ကောင်းမွန်သော အုပ်ချုပ်မှုကို မြှင့်တင်ရန်နှင့် အားလုံးပါဝင်နိုင်သော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေရန် မိတ်ဖက်အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဤကြိုးပမ်းဆောင်ရွက်မှုများမှတဆင့် ဥရောပသမဂ္ဂ(EU) သည် တာဝန်ယူမှုရှိသော မိတ်ဖက်အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အကူအညီ လိုအပ်နေသော ပြည်သူများကို ပံ့ပိုးပေးရန် နှင့် ရေရှည်တည်တံ့ပြီး လူထုဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ခိုင်မာသော ကတိကဝတ် ထားရှိပါသည်။