LIFT is responding as conflict and pandemic push more people into the brink of survival.

For Nbwi Shing Rip, it has been a hard year. First, his family of five had to flee their home village of Seng Mai due to conflict and insecurity leaving behind their rice fields, belongings and dreams of education for his kids. Second, after settling down in the Je Yang camp for internally displaced people, the family had to make a tough decision and choose who would migrate to China in pursuit of better earning for the family. As Nbwi Shing Rip managed to secure a part-time job as a health assistant at the Camp Management Centre and their oldest daughter got married and moved, he remained in the camp with two children while his wife went to China.

Nbwi Shing Rip performed his parental duties with extreme devotion - helping with studies and managing all the household chores while his younger daughter and son were attending the Je Yang School. No matter how early studies would begin, schooling time has changed to start at 7am due to COVID-19 restrictions, Nbwi Shing Rip would get up first to cook breakfast for his kids.

When the pandemic struck, Nbwi Shing Rip lost all sources of income - both his ad-hoc earnings from CMC and remittances from his wife in China, who couldn’t return home and couldn’t send back any support due to restrictions. 

“It has not been easy for us since the pandemic hit,” said Nbwi Shing Rip. “Some organizations provided us with assistance such as food and essentials, but my biggest fear is that I won’t be able to keep my young children in school.” So he sought domestic work around his neighbourhood but there was little demand. He thought he had left such uncertainty behind when he fled his home village.

Nbwi Shing Rip was among other residents of the Je Yang camp to receive a cash transfer of 65,000 MMK, provided by LIFT through its partner #Metta as a means to help IDPs cover their most basic food needs or purchase other basic items and services to protect themselves from COVID-19 and its  socio-economic impacts.

“It’s the first time I receive such significant support and it’s so timely and helpful!”
said Nbwi Shing Rip.
 

He used part of the payment to buy food for his children. “With the other part, I would cover the tuition fees and will try to save a bit of money,” he says.
Thanks to LIFT’s support, Nbwi Shing Rip is cooking more nutritious meals for his children so that they have energy and concentration to study. “For days, my children have eaten rice for breakfasts and lunches, now I will cook them dumplings,” he adds.

LIFT’s cash transfers empowered people with the choice to address their essential needs according to their priorities, whether enabling them to diversify diets and pay school fees like Nbwi Shing Rip, or cover medicine expenses, or even start a small business and trade. In the course of next few weeks, LIFT through its partners #Metta, #SaveTheChildren and #DSW will reach about 65,000 displaced households with cash payments in Kachin, northern Shan, Kayin, Rakhine and Chin states.

In 2020, thanks to LIFT’s donors - the United Kingdom, the European Union, Switzerland, Australia, the United States of America, Canada, New Zealand, Ireland and Norway - LIFT supported more than 2.3 million with frontline COVID-19 response including 440,000 pregnant women, mothers and the elderly have received additional cash support.

 

 

......................................

(Myanmar language) 

အကျပ်အတည်းတွေကို ငွေကြေးထောက်ပံပေးခြင်းနဲ့ LIFT က တွန်းလှန်

ပဋိပက္ခများအပြင် ကပ်ရောဂါ အခြေအနေများကြောင့်ပါ အခက်အခဲများနှင့် ပိုမို ရုန်းကန်လာကြရသည့် ပြည်သူများအတွက် LIFT က ပံ့ပိုးပေးနေပါသည်။ 

Nbwi Shing Rip (ဘွီရှင်းရစ်/ အမည် အသံထွက်လွဲပါက သည်းခံပေးပါရန်)  အတွက် ခက်ခဲတဲ့ နှစ်တစ်နှစ်ပါပဲ.ပထမဆုံးကတော့ ပဋိပက္ခတွေနဲ့ လုံခြုံမှုမရှိတောကြောင့် စပါးခင်းတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ သားသမီးတွေရဲ့ ပညာရေးအိပ်မက်တွေကို ပစ်ပြီး ငါးယောက်ရှိတဲ့ မိသားစုလေးမှာ အခြေချနေထိုင်နေခဲ့တဲ့ ဆိုင်မိုင်ရွာကနေ ထွက်ပြေးလာခဲ့ရပါတယ်..ဒုတိယကြုံရတဲ့ အခက်အခဲကတော့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေရှိတဲ့ ဂျဲရန် ယာယီစခန်းလေးမှာ အခြေကျမယ်လုပ်ခါမှ မိသားစု စားဝတ်နေရေး ပြေလည်ဖို့အတွက် တရုတ်ဘက်ကို ဘယ်သူသွားမလဲဆိုပြီး ခက်ခဲ့လှတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတာပါ...သူ့ရဲ့ သမီးအကြီးဆုံးက  အိမ်ထောင်ကျပြီးတဲ့ ပြောင်းသွားခဲ့တယ်...ဘွီ အနေနဲ့ကလည်း စခန်းစီမံခန့်ခွဲရေးစင်တာမှာ ကျန်းမားရေးလက်ထောက် တစ်ယောက် အနေနဲ့ အချိန်ပိုင်းအလုပ်လေး ရခဲ့တာကြောင့် ကလေးနှစ်ဦးနဲ့အတူ ယာယီစခန်းမှာပဲ ကျန်ခဲ့ပြီး အမျိုးသမီး ဖြစ်သူကတော့ တရုတ်ဘက်မှာ အလုပ်လုပ်ဖို့ သွားခဲ့ရပါတယ်။ 

သမီးငယ်လေးနဲ့ သားလေးက ဂျဲရန်ကျောင်းမှာ တက်နေတာဖြစ်တော့ ကလေးနှစ်ယောက်ရဲ့ ပညာရေးအတွက် ကူပေးရသလို အိမ်မှုကိစ္စအဝဝနဲ့ ဖခင်တစ်ယောက်တာဝန်တွေကိုလည်း အရမ်းကို ကျေကျေပွန်ပွန်နဲ့ ဘွီက လုပ်ဆောင်ပေးခဲ့ပါတယ်.. ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ကျောင်းချိန်က မနက် ၇နာရီမှာ စတာကြောင့် ဘွီ တစ်ယောက် စောစောအိပ်ရာထပြီး  ကလေးတွေအတွက် မနက်စာကို ချက်ပြုတ် ပြန်ဆင်ပေးရပါတယ်..

ကပ်ရောဂါကြောင့် ကန့်သတ်ချက်တွေစတဲ့အခါ ဘွီတစ်ယောက် ဝင်ငွေရလမ်းတွေ ဆုံးရှုံးခဲ့ရတယ်.. စခန်းစီမံခန့်ခွဲရေးမှာ လိုရင်လိုသလို လုပ်ရတဲ့ အချိန်ပိုင်းအလုပ်ရော၊ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် အိမ်ပြန်လို့မရတော့တဲ့ တရုတ်မှာ အလုပ်လုပ်နေတဲ့ မိန်းမဖြစ်သူက မိသားစုအတွက်  ပြန်ပို့ပေးတဲ့ ပိုက်ဆံရောပေါ့..

“ဒီကပ်ရောဂါစဖြစ်ကတည်းက ကျွန်တော်တို့မှာ တော်တော်ခက်ခဲလာပါတယ်.. တချို့အဖွဲ့အစည်းတွေက စားစရာတို့၊ မဖြစ်မနေသုံးဖို့လိုတာလေးတွေတို့ ထောက်ပံပေးပေမဲ့လည်း ကျွန်တော် အကြောက်ဆုံးကတော့ ကျွန်တော့်ကလေးတွေကို ကျောင်းဆက်မထားနိုင်တော့မှာကိုပါ”
လို့ ဘွီက ပြောပါတယ်..
 

အိမ်အနီးအနားမှာ တောက်တိုမယ်ရလေးတွေ လုပ်ပေးလို့ရမလား ရှာပေမယ့်လည်း အလုပ်လိုနေတာမျိုးက တော်တော်နည်းပါတယ်...သူ့ရွာလေးက ထွက်လာပြီးတဲ့နောက် အခုလို ဘာမှ ရေရေရာရာ မရှိတာမျိုးတွေတော့ ပြီးပါပြီလေလို့ သူထင်ထားခဲ့မိတာ..

LIFT က မေတ္တာအဖွဲ့မှတဆင့် ပံ့ပိုးပေးတဲ့ ထောက်ပံ့ကြေး ၆၅,၀၀၀ ကျပ်ကို ရရှိမယ့် ဂျဲရန် ယာယီစခန်းက အခြားအိမ်နီးချင်းတွေနဲ့အတူတူ ဘွီ လည်း ပါဝင်ပါတယ်.. ထောက်ပံ့ကြေးကို စခန်းမှာနေထိုင်နေသူ (နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ) တွေရဲ့ အခြေခံလိုအပ်တဲ့ အစားအစာ၊ သို့မဟုတ် အခြေခံ လူသုံးကုန်နဲ့ ကိုဗစ်နိုင်တင်းကြောင့် ကြုံတွေ့ရတဲ့ လူမှုရေးစီးပွားရေး သက်ရောက်မှုတွေကနေ အကာအကွယ်ဖြစ်နိုင်ဖို့အတွက်၊ ဝန်ဆောင်မှုတွေ ရယူနိုင်ဖို့ ကိစ္စတွေမှာ အသုံးပြုနိုင်စေဖို့ ဖြစ်ပါတယ်..

“အခုလို သိသိသာသာ ပံ့ပိုးမှုရတာ ဒါက ပထမဆုံးပါပဲ..အချိန်မီလေးရတာလည်း ဖြစ်တော့ အထောက်အကူ ဖြစ်ပါတယ်” လို့ ဘွီ က ပြောပါတယ်..

ရတဲ့ ထောက်ပံ့ကြေးထဲ့က တချို့ကို ကလေးတွေဖို့ စားစရာလေးတွေ ဝယ်လိုက်ပါတယ်..” ကျန်တာလေးတွေ ကိုတော့ ကလေးတွေရဲ့ ကျောင်းစရိတ်သုံးမယ်..နည်းနည်းကျန်တာလေးတော့ စုထားတာပေါ့ ” လို့ သူက ပြောတယ်..

LIFT က ပံ့ပိုးပေးတဲ့ ကျေးဇူးနဲ့ ကလေးတွေအတွက် ပိုပြီး အာဟာရရှိတာလေးတွေကို ချက်ကျွေးဖြစ်တယ်..        ဒါမှလည်း ကျောင်းစာတွေ လုပ်ဖို့ အားရှိပြီး အာရုံစိုက်နိုင်မှာပါ.. “ကလေးတွေက မနက်စာ နေ့လည်စာကို ထမင်းစားဖြစ်တယ်..အခုတော့ ဖက်ထုပ်လေးတွေ လုပ်ကျွေးဦးမယ်” 

LIFT က ဆောင်ရွက်ပေးသည့် ငွေကြေးထောက်ပံ့မှုများသည် အကျိုးခံစားရသူများအား ၎င်းတို့မိသားစု လိုအပ်ချက် အလိုက် ဦးစားပေးသုံးရမည့် ကိစ္စရပ်များကို ကိုယ်တိုင် ဆုံးဖြတ် ရွေးချယ်နိုင်စေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘွီ ကဲ့သို ကလေးကျောင်းစရိတ်နှင့် အမည်စုံ စားစရာများအတွက် အသုံးပြုနိုင်သလို ကျန်းမာရေး အသုံးစရိတ်၊ တနိုင်တပိုင် လုပ်ငန်းငယ်၊ ကုန်ရောင်းကုန်ဝယ် စသဖြင့် လိုအပ်သည့်နေရာများတွေ သုံးစွဲနိုင်မည် ဖြစ်ပါသည်။ လာမည့် ရက်သတ္တပတ်များအတွင်း LIFT ၏ မိတ်ဖက်များဖြစ်သည့် #Metta အဖွဲ့ (#JST နှင့် လက်တွဲလျက်)၊ #SavetheChildren အဖွဲ့ နဲ့ #လူမှုဝန်ထမ်းဦးစီးဌာန များမှ တဆင့် #ကချင်ပြည်နယ်၊ #ရှမ်းပြည်နယ်မြောက်ပိုင်း၊ #ကရင်ပြည်နယ်၊ #ရခိုင်ပြည်နယ် နဲ့ #ချင်းပြည်နယ် တို့မှာနေထိုင်တဲ့ နေရပ်စွန့်ခွာနေထိုင်နေရသူများကို #ထောက်ပံ့ကြေး ၆၅,၀၀၀ ကျပ် ပေးအပ်သွားမည် ဖြစ်ပါသည်။

၂၀၂၀ခုနှစ်အတွင်း  LIFT ၏ အလှူရှင်များဖြစ်သည့် ယူနိုက်တက်ကင်းဒမ်းမ်၊ ဉရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ နယူးဇီလန်၊ အိုင်ယာလန် နှင့် နော်ဝေနိုင်ငံများ၏ ပံ့ပိုးမှုများဖြင့် LIFT ၏ ကိုဗစ်နိုင်တင်း ရှေ့တန်းတုံ့ပြန်ဆောင်ရွက်မှုများသည် အမေရိကန် ဒေါ်လာ ၂.၃သန်း အသုံးပြုပြီး ကိုယ်ဝန်ဆောင်များ၊ မိခင်များ၊ သက်ကြီးပုဂ္ဂိုလ် စုစုပေါင်း ၄၄၀,၀၀၀အား ထပ်ဆောင်းထောက်ပံ့ ကြေးများ ပေးအပ်နိုင်ခဲ့ပါသည်။