LIFT’s implementing partners in Rakhine are diverting USD 276,000 of existing resources towards the COVID-19 response, limiting the spread of the disease and exposure of field staff and communities to unjustified risks. The LIFT Fund Board has also approved USD 2,268,000 in new funding for Metta Development Foundation’s small grants project and the International Rescue Committee (IRC)’s support to build resilience and provide access to clean water and hygiene items to internally displaced people (IDP) and underserved communities. LIFT funding towards the COVID-19 response in Rakhine now totals USD 2,544,000. Protective items are supplied for project beneficiaries, project staff and to support the Department of Public Health in Rakhine. LIFT is also working to provide people living in camps with clean water and hygiene products. LIFT partners in Rakhine continue to support nutrition activities that provide treatment for severely malnourished children in IDP camps in Pauktaw, and referral of children to the health services in villages of Pauktaw, while adapting to new operational challenges. International Labour Organization (ILO) ILO is distributing COVID-19 prevention kits which include surgical masks, paracetamol, soap and hand sanitiser to 5,389 households, targeting approximately 22,000 beneficiaries from 34 villages in Sittwe, Thandwe, Gwa, Kyaukphyu, Buthidaung and Maungdaw Townships in Rakhine. Awareness-raising activities will be carried out in 34 villages where pamphlets and posters will be distributed and billboards put up, along with the distribution of prevention kits. During the distribution, Village Development Committee (VDC) members, volunteers and staff and field implementing partners will be wearing T-shirts which have COVID-19 prevention messages. Furthermore, the Department of Public Health in 17 townships in Rakhine will receive two infrared thermometers each. The project will also provide infrared thermometers to the Department of Labour in Rakhine, so that the department can take preventive measures when people visit the department, or the Migrant Resource Centre, to receive employment information. International Rescue Committee (IRC) IRC will support access to clean water and hygiene items to 31,000 beneficiaries, including internally displaced people (IDPs) living in camps and villages and underserved communities in Myebon and Minbya Townships. IRC will also work to build resilience to the spread of COVID-19 amongst the most vulnerable and marginalised groups in Rakhine through awareness raising, provision of essential items and maintained access to basic needs and services. Metta Development Foundation Through small grants, Metta will help increase CSOs' capacity in Rakhine State and support CSOs to help communities to prevent, mitigate and recover from the impacts of COVID-19. Save the Children International (SCI) SCI has procured 90,000 soaps to be distributed across the programme area. SCI will also share awareness materials on COVID-19 through mother leaders; introduce hygiene products during the implementation of activities of the out-patient therapeutic programme (OTP); and distribute personal protective equipment (PPE) to field staff, volunteers working in camps, and the Rakhine State Public Health Department. The distribution is taking place in April and May. VisionFund Myanmar (VFM) VF is installing 53 handwashing stations in 45 wards and villages (24 villages and 21 wards). .............................................................. (in Myanmar language) ရခိုင်ပြည်နယ်ရှိ COVID-19 တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို LIFT မှ ပံ့ပိုး ရခိုင်ပြည်နယ်ရှိ မိတ်ဖက်အဖွဲ့အစည်းများသည် လက်ရှိဆောင်ရွက်ဆဲစီမံချက်များမှ အမေရိကန်ဒေါ်လာ ၂၇၆,ဝဝဝ ကို COVID-19 တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် လွှဲပြောင်းဆောင်ရွက်မည်ဖြစ်ပြီး ရောဂါပြန့်ပွားမှုကို တားဆီး နိုင်ရန် နှင့် ကွင်းဆင်းဝန်ထမ်းများနှင့် ရပ်ရွာလူထုများအား ဘေးဒုက္ခအခက်အခဲများနှင့် မကြုံတွေ့နိုင်စေရန် ဖြစ်ပါသည်။ LIFT ရန်ပုံငွေ ဘုတ်အဖွဲ့သည် အမေရိကန်ဒေါ်လာ ၂,၂၆၈,ဝဝဝ ကို အသစ်ထပ်မံချထားရန် အတည်ပြုခဲ့သည်။ အဆိုပါ ရန်ပုံငွေကို မေတ္တာဖွံဖြိုးရေးအဖွဲ့မှ ဆောင်ရွက်မည့် အသေးစားရန်ပုံငွေ စီမံချက် နှင့် International Rescue Committee (IRC) မှ ပံ့ပိုးဆောင်ရွက်မည့် စီမံချက်ဖြစ်သည့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများ (internally displaced people IDP) များ နှင့် အခြေခံဝန်ဆောင်မှုများကိုပင် လက်လှမ်းမီမရရှိကြသည့် ရပ်ရွာလူထုများအား သန့်ရှင်းသော သောက်သုံးရေ နှင့် တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ပစ္စည်းများ ပေးအပ်ခြင်းနှင့် ကြံ့ကြံခံနိုင်မှု တည်ဆောက်ပေးခြင်း လုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်ရှိ COVID-19 တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂,၅၄၄,ဝဝဝ ကို LIFT မှ ပံ့ပိုးလျက်ရှိပါသည်။ ရခိုင်ပြည်နယ်ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စီမံချက်မှ အကျိုးခံစားရသူများနှင့် စီမံချက် ဝန်ထမ်းများအတွက် အကာအကွယ်ပစ္စည်းများကို ပံ့ပိုးပေးမည် ဖြစ်ပါသည်။ ယာယီစခန်းများတွင် နေထိုင်နေကြရသူများအတွက် သန့်ရှင်းသော သောက်သုံးရေ နှင့် တကိုယ်ရေသုံးပစ္စည်းများ ပေးအပ်နိုင်ရန်လည်း LIFT မှ ဆောင်ရွက်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်ရှိ LIFT ၏ မိတ်ဖက်များသည် စီမံချက် လုပ်ငန်းများ လည်ပတ်ရေးအတွက် အခက်အခဲများ ပြေလည်စေရန် စီမံ ဆောင်ရွက် နေပြီး ပေါက်တောမြို့နယ်ရှိ နေရပ်စွန့်ခွာနေထိုင်သူ စခန်းများမှ အာဟာရအလွန်ချို့တဲ့နေသည့် ကလေးများ အတွက် ကုစားပေးမည့် အာဟာရဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကာ ကလေးငယ်များကို ပေါက်တော မြို့နယ်ရှိ ကျန်းမာရေးဌာနများသို့ ညွှန်းပို့လွှဲပြောင်နိုင်ရန်လည်း ဆောင်ရွက်မည်ဖြစ်ပါသည်။ International Labour Organization (ILO) ILO သည် ရခိုင်ပြည်နယ် စစ်တွေ၊ သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျေးရွာပေါင်း ၃၄ရွာမှ ခန့်မှန်းခြေ အကျိုးခံစားရသူ ၂၂,ဝဝဝ ရှိမည့် အိမ်ထောင်စုပေါင်း ၅,၃၈၉ ကို နှာခေါင်းစည်း၊ ပါရာစီတမောလ်၊ ဆပ်ပြာ နှင့် လက်သန့်စင်ဆေးရည်တို့ ပါဝင်သည့် COVID-19 အကာအကွယ်ပစ္စည်းများ ဖြန့်ဝေခဲ့သည်။ အဆိုပါ ပစ္စည်းများ ဖြန့်ဝေပေးခြင်းနှင့်အတူ အသိပညာပေးမြှင့်တင်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ရာ လက်ကမ်း စာစောင်များ ဝေငှခြင်း၊ ပိုစတာနှင့် ကြော်ငြာဘုတ်များ စိုက်ထူခြင်းတို့ကို ရွာပေါင်း ၃၄ရွာတွင် ဆောင်ရွက်မည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများ လုပ်ဆောင်စဉ် ကာလအတွင်းတွင် ကျေးရွာဖွံဖြိုးရေးကော်မတီဝင်များ၊ လုပ်အားပေးများ နှင့် ဝန်ထမ်းများ၊ ကွင်းဆင်းမိတ်ဖက်အဖွဲ့များမှ COVID-19 တားဆီးကာကွယ်ရေး အသိပညာပေးစာတမ်းများပါသည့် တီရှပ်များကို ဝတ်ဆင်ကြမည် ဖြစ်ပါသည်။ ထို့အပြင် ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၇မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသည် အနီအောက်ရောင်ခြည်သုံး အပူချိန်တိုင်းကိရိယာ နှစ်ခုစီကို မြို့နယ်အလိုက် ရရှိကြမည်ဖြစ်ပါသည်။ စီမံချက်သည် ရခိုင်ပြည်နယ်ရှိ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနကိုလည်း အနီအောက်ရောင်ခြည်သုံး အပူချိန်တိုင်းကိရိယာများ ပေးအပ်မည်ဖြစ်ရာ ဌာနသို့ လာရောက်ကြသူများ (သို့မဟုတ်) ရွှေ့ပြောင်းလုပ်သား ထောက်ပံ့ကူညီရေး ဗဟိုဌာနသို့ အလုပ်အကိုင်နှင့် ပတ်သက်သော သတင်းအချက်အလက်များ လာရောက်စုံစမ်းကြသူများ ကို အပူချိန်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။ International Rescue Committee (IRC) IRC သည် မြေပုံ နှင့် မင်းပြားမြို့နယ်များရှိ အခြေခံဝန်ဆောင်မှုများကိုပင် လက်လှမ်းမမီကြသည့် ပြည်သူများ၊ ယာယီ စခန်းများနှင့် ကျေးရွာများရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများ အပါအဝင် အကျိုးခံစားရသူပေါင်း ၃၁,ဝဝဝ ကို တကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ နှင့် သန့်ရှင်းသော သောက်သုံးရေတို့ရရှိရန် ပံ့ပိုးပေးအပ်မည် ဖြစ်ပါသည်။ IRC သည် ရခိုင်ပြည်နယ်ရှိ ထိခိုက်လွယ်ဆုံးသူများနှင့် ဝမ်းစာမဖူလုံကြသော အုပ်စုများအတွင်း COVID-19 ကူးစက်ပြန့်ပွားမှုမှ ခံနိုင်ရည်အားကောင်းနိုင်စေရန်အတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းများ ပေးအပ်ပြီး အခြေခံ လိုအပ်ချက်များနှင့် ဝန်ဆောင်မှုများကို ဆက်လက်ရရှိနိုင်စေရန်အတွက်လည်း ဆောင်ရွက်မည် ဖြစ်ပါသည်။ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း မေတ္တာအဖွဲ့သည် ရခိုင်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်အတွက် အသေးစား ရန်ပုံငွေ ပံ့ပိုးမှုများမှ တဆင့် ဆောင်ရွက်မည်ဖြစ်ပြီး ရပ်ရွာလူထုများအနေဖြင့် COVID-19 ၏ နောက်ဆက်တွဲ သက်ရောက်မှုများမှ ပြည်လည်ထူထောင်နိုင်ရန်၊ ပြန်လည် ရပ်တည်နိုင်ရန်၊ ကာကွယ်တားဆီးရန်အတွက် ဆောင်ရွက် ရာတွင် ကူညီရန် CSO များကို ပံ့ပိုးမည် ဖြစ်ပါသည်။ Save the Children International (SCI) Save the Children အဖွဲ့သည် စီမံကိန်းဒေသများအတွင်း ဖြန့်ဝေပေးရန်အတွက် ဆပ်ပြာခဲ ၉ဝ,ဝဝဝ ခုကို ဝယ်ယူခဲ့သည်။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ယာယီစခန်းများတွင် လုပ်ကိုင်နေကြသည့် လုပ်အားပေးများ နှင့် ကွင်းဆင်း ဝန်ထမ်းများကို တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးဝတ်စုံ (Personal Protective Equipment)များ ပေးဝေခြင်း၊ out-patient therapeutic programme (OTP) ကုသရေးလုပ်ငန်းများတွင် တကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများကို စတင်မိတ်ဆက်ပံ့ပိုးခြင်း နှင့် ရပ်ရွာလူထုအတွင်းမှ မိခင်ခေါင်းဆောင်များကို COVID-19 အသိပညာပေး မြှင့်တင်မှုဆိုင်ရာ စာစောင်များ၊ ပစ္စည်းများ မျှဝေပေးခြင်းစသည်တို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။ VisionFund Myanmar ဗွီးရှင်းဖန်း(ဒ်) မြန်မာအဖွဲ့သည် ရပ်ကွက်ပေါင်း ၄၅ခု၊ ကျေးရွာ (၂၄ရွာ နှင့် ရပ်ကွက် ၂၁ခု)တို့တွင် လက်ဆေးစင် ၅၃ခုကို တပ်ဆင်ပေးလျက်ရှိပါသည်။