အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) ကို အလှူရှင်နိုင်ငံများ၏ မတည်ရန်ပုံငွေဖြင့် ၂၀၀၉ခုနှစ်တွင် မြန်မာနိုင်ငံ ၌် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ LIFT ရန်ပုံငွေကို မတည်သော အလှူရှင် များမှာ သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊  ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူနိုက်တက် ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စု တို့ဖြစ်ပါသည်။ အလှူရှင်များထံမှ ရရှိသော ရန်ပုံငွေများအား စီမံခန့်ခွဲရန်နှင့် LIFT ရန်ပုံငွေအား ကြီးကြပ်စစ်ဆေးရန်အတွက် UNOPS အားဘဏ္ဍာရေးတာဝန်ခံ(Fund Manager) အဖြစ် ခန့်အပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါသည်။

မျှော်မှန်းချက်။     ။ မြန်မာနိုင်ငံတွင်းရှိဆင်းရဲနွမ်းပါးပြီး အင်အားနည်းပါးသူတို့အတွက် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းနှင့် စားနပ်ရိက္ခာဖူလုံမှုတိုးတက်စေရေးဟူသော အလှူရှင်များ၏ ရည်မှန်းချက်ပြည့်မှီရေးအတွက် LIFT မှထိရောက်သော စက်ယန ္တရားအဖြစ် အကူအညီထောက်ပံ့ပေးနိုင်ရန် ဖြစ်ပါသည်။
စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက်ချမှတ်ထားသော လမ်းစဉ်မူဝါဒအား   မြှင့်တင်ပေးနိုင်ရန် အတွက်   ထောက်ပံ့ပေးခြင်း၊ သင်ကြားပေးခြင်း၊ တီထွင်ဆန်းသစ်ခြင်းအားဖြင့် LIFT သည် အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် LIFT အနေဖြင့် ကျိုးကြောင်း ဆက်စပ်သော  ပြောရေးဆိုခွင့်တိုးမြှင့်ရရှိစေရေး နှင့် သြဇာ တိက္ကမ ရှိသော အများကိုယ်စားပြု အသံ ဖြစ်လာနိုင်စေရန် ရည်ရွယ်ပါသည်။

ရည်မှန်းချက်ပန်းတိုင်။    ။ LIFT ၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင်းရှိဆင်းရဲနွမ်းပါးပြီးအင်အားနည်းပါးသူများအတွက် အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းနှင့် စားနပ်ရိက္ခာဖူလုံမှု တိုးတက်စေရေးဖြစ်ပါသည်။    

ရည်ရွယ်ချက်။    ။ရည်ရွယ်ချက်မှာ သက်မှတ်ထားသော လူဦးရေ ၂သန်း၏ စားနပ်ရိက္ခာ ရရှိမှုတိုးတက်ရေး နှင့် ဝင်ငွေ တိုးတက်ရေး   ဖြစ်ပါသည်။

နောက်ခံသမိုင်း။    ။ မြန်မာပြည်တွင် ထောင်စုနှစ်ဖွံ့ဖြိုးမှု၏ရည်မှန်းချက် အမှတ်(၁) ဖြစ်သော အလွန်အမင်း ဆင်းရဲမှုနှင့် ငတ်မွတ်ခေါင်းပါးမှု အား အမြစ်ပြတ်သုတ်သင်ရှင်းလင်းခြင်း ရည်မှန်းချက်ကို အလျင်အမြန် ပြည့်မှီစေရေးအား ကူညီထောက်ပံ့ပေးရန်အတွက် အလှူရှင်များမှ ၂၀၀၈ခုနှစ်တွင် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ အဓိကပါဝင်သူများဖြစ်သော အစိုးရ၊ သံရုံးများ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း နှင့် အစိုးရ မဟုတ်သောအဖွဲ ့ဝင်များ၏ ကျယ်ကျယ်ပြန့်ပြန် ့ ဆွေးနွေးညှိနှိုင်းမှုအပြီး၊ ၂၀၀၉ ခုနှစ် မတ်လတွင် LIFT ဟုခေါ်ဆိုသော အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေကို အစပျိုးတည်ထောင်ခဲ့ပါသည်။

အထောက်အပံ့ အကျိုးရှိမှုဆိုင်ရာ ပဲရစ် ကြေညာချက် (Paris Declaration on Aid Effectiveness) ၏ စိတ်ဓါတ်အားမာန်နှင့် နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အဖွဲ့အစည်း (Organization for Economic Co-operation and Development – OECD) ၏ လမ်းညွှန်ချက်များဖြစ်သော အကျိုးသက်ရောက်မှုရှိသော အထောက်အပံ့ဖြန့်ဝေမှုအတွက် အလှူရှင်များတပေါင်းတစည်းတည်း  ကျင့်သုံးဆောင်ရွက်မှုအရ၊ အလှူရှင်နိုင်ငံများမှ စုပေါင်းရန်ပုံငွေ ထားရှိ ထိန်းသိမ်းမှု နည်းလမ်းကို   ရွေးချယ် သဘောတူခဲ့ပါသည်။ အလှူရှင်နိုင်ငံများအနေဖြင့်လည်း  ထိုသို့အင်အားအသီးသီးစုပေါင်းခြင်းဖြင့် ပြုလုပ်ဆောင်ရွက်မည့် အစီအစဉ်များသည် ကျိုးကြောင်း ဆက်စပ်မှုရှိမည်သာမက ပိုမို၍လည်း အကျိုးသက်ရောက်မှုရှိမည်ဟု ခိုင်မာစွာထင်မြင်ယူဆကြပါသည်။

LIFT ၏လုပ်ငန်းစဉ်အတွက် စေတနာထက်သန်စွာဖြင့်  ငွေကြေးထည့်ဝင် လှူဒါန်းထောက်ပံ့ကြသော အလှူရှင်များမှာ များမှာ သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ နယ်သာလန်၊ နယူးဇီလန်၊  ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူနိုက်တက် ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စု တို့ဖြစ်ပါသည်။ အလှူရှင်များထံမှ ရရှိသော ရန်ပုံငွေများအား စီမံခန့်ခွဲရန်နှင့် LIFT ရန်ပုံငွေအား ကြီးကြပ်စစ်ဆေးရန်အတွက် UNOPS အားဘဏ္ဍာရေးတာဝန်ခံ(Fund Manager) အဖြစ် ခန့်အပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါသည်။