ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SDC) သည် ဆင်းရဲနွမ်းပါးမှု ကင်းစင်သော ကမ္ဘာကြီးဖြစ်ပေါ်လာစေရန်အတွက် ပါဝင်ကူညီဖို့ ရည်ရွယ်ထားပြီး လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ ဒီမိုကရေစီကို မြှင့်တင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အားပေးဆောင်ရွက်လျက်ရှိသည်။

SDC သည် စီးပွားရေးအရ ကိုယ့်အားကိုယ်ကိုးနိုင်စွမ်းကို အားပေးမြှင့်တင်ပြီး ထုတ်လုပ်မှုဆိုင်ရာ အခြေအနေများ ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးကူညီလျက်ရှိသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် ပံ့ပိုးကူညီလျက်ရှိကာ ပညာရေးနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုလက်လှမ်းမီစေရန်အတွက်လည်း ဆောင်ရွက်လျက်ရှိသည်။