နယူးဇီလန်နိုင်ငံ၏ လက်ရှိ မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုသည် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ အသိပညာ ဗဟုသုတနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထားပြီး မိတ်ဖက်အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။



