သြစတြေးလျနိုင်ငံသည် အားလုံးအကျုံးဝင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ သန့်ရှင်းသောစွမ်းအင်ကို ​ပြောင်းလဲအသုံးပြုခြင်း နှင့် ကျား၊ မ ရေးရာ တန်းတူညီမျှရေးစသည့် ဒေသတွင်း အရေးအကြီးဆုံး ဦးစားပေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် အရှေ့တောင်အာရှနှင့် ၎င်း၏ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းလာစေသည်။ မြန်မာနိုင်ငံတွင် ဩစတြေးလျအစိုးရ၏ လုပ်ငန်းများကို ၂၀၂၄-၂၀၂၉ သြစတြေးလျ-မြန်မာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ယင်းအစီအစဉ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များမှတဆင့် မိတ်ဖက်များ၏ အဓိကလိုအပ်ချက်များကို မည်ကဲ့သို့ ဖြည့်ဆည်းပေးမည်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မည်ကဲ့သို့ ပံ့ပိုးပေးမည်နှင့် ပြည်သူများကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေရန် မည်သို့ကူညီပေးမည်ဆိုသည့် ရေရှည်မျှော်မှန်းချက်တစ်ရပ်ကို အသေးစိတ် ဖော်ပြထားသည်။