ယူကေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် အလွန်အမင်းဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် ဆင်းရဲမှု၊ ရောဂါဘယ၊ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှု၊ မလုံခြုံမှုနှင့် ပဋိပက္ခများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ယူကေနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဦးဆောင်လုပ်ကိုင်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ယူကေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အုပ်ချုပ်ရေးကဏ္ဍများနှင့်အတူ ပံ့ပိုးဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံရှိ ယူကေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများတွင် အားလုံးပါဝင်ခွင့်ရှိမှု၊ လူမှုအသိုင်းအဝိုင်းအတွင်း ညီညွတ်မှုနှင့် တန်းတူညီမျှမှုတို့ကို အထူးအလေးပေးထားပါသည်။ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးများနှင့် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုမှ ဆက်လက်ဖယ်ရှားခံနေရသော အခြားအုပ်စုများအပြင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသူများအပေါ် အထူးအာရုံစိုက် ဆောင်ရွက်လျက်ရှိပါသည်။