(Myanmar version below)
LIFT’s partner HelpAge International conducted a rapid assessment with 76 people aged 60+ in 17 locations across six states and regions to assess the effects of the military coup on older people in Myanmar.
The socio-economic consequences of the 1 Feb military take-over have hit the most vulnerable groups in Myanmar hardest, including the 5.5 million older people (60 years and older) who make up 10 % of the Myanmar population. A rapid assessment shows that older people are experiencing severe challenges in accessing food, healthcare, and other basic services while their relatives may no longer be able to support them due to loss of income, there are growing fears of insecurity and violence, and a rising negative impact on mental wellbeing.
Income opportunities shrink
Business disruptions, security restrictions, bank closures and fading support from younger generations have left many elderly people with meagre income opportunities. As access to public pensions or community support is becoming limited, over 40% of older people interviewed indicated they had either no more savings, while 25% had only two months’ worth of available savings before cash runs out.
When relying on family or community support, the elderly mentioned experiencing less independence and agency, which limits their coping capacity and increases the need for humanitarian assistance. Support should be tailored to the needs of older people and can be provided in the form of unconditional multi-purpose cash transfer to address the acute food security, nutrition and healthcare needs while facilitating the streamlined access to cash through financial service providers and mobile money agents.
Access to food is affected
While access to staple food items remains stable and people in rural areas can eat healthy products growing in village farms, limitations in food diversity, the increase in prices, closure of vendors, disruption to supply chain, personal mobility difficulties and restricted travel to buy food in remote areas have constrained people’s food and nutrition security. Therefore, many have resorted to consuming basic food items only (i.e., rice, oil, salt, and vegetables) in order to survive.
26% of older people struggle to access basic food items. Those that can, rely on local shops and village farms to access food safely. “I’m only focusing on daily needs, and I’m not focusing on healthy food, as I’m afraid to go to the bigger market and buy expensive food during this period.” – Older woman, South Dagon township.
In view of increasing challenges with the supply chain of basic food items, medicine, and other essential items, options should be explored to ease the supply chain to enable the flow of basic goods.
Access to health services hindered
The political crisis has put additional strain on the healthcare sector, already overstretched by the COVID-19 outbreak in Myanmar, when one in three elderly people or people with disability stated they were not able to access their regular medication. While healthcare facilities continued to perform at different levels of capacity according to location, some prices for medicine are increasing. Therefore, older people and people with disabilities are forced to either use their savings to purchase their medicines or they resort to traditional medicine and indigenous medical practitioners to compensate for the lack of modern medicine, specifically in rural hard-to-reach areas.
Although 83% of older people are still able to access healthcare services and medicine, 17% are facing increasing problems because of the political situation
“I can no longer resort to our nurse if needed. I am not fine because of my diabetes, and I can’t buy regular medicine as I can’t find them easily, and I don’t have enough money to pay for them.” – Older woman, Kangyidaung township.
Expansion of healthcare support through Inclusive Self-Help Groups and community volunteers, which anticipates training home care volunteers to assist with first aid and basic health care issues, can help prevent the deepening of healthcare challenges for older people and persons with disabilities.
Wellbeing at risk
The coup has taken a severe toll on many older people, adding to already widespread feelings of stress and anxiety. Many expressed fears for their safety and the safety of their families, friends, and neighbours amidst gunshots and arbitrary detentions. While many resort to coping mechanisms such as increased praying, physical work and conversations, their worries about access to food and health, income-generating activities and livelihoods continue to dominate.
88% of older people indicate that they and their surrounding community members experience anxiety and stress.
“I’m worried about my financial situation because I lost my breeding animals and I have debts to reimburse. I’m also worried about my family’s safety and security. I try to pray as much as possible, and I’m cautious of not being involved in any political matters to feel safe.” – Older man, Pathein township.
Reinforcement of existing community-based structures through training can help address acute needs by providing psycho-social support that will help ease some of the mental health issues related to COVID-19 and the political situation.
Read the full assessment of the effects of the military coup on older people in Myanmar conducted by the HelpAge International here.
..............................
(Myanmar version)
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် ထောင်ပေါင်းများစွာသော သက်ကြီး ရွယ်အိုများ အား ပို၍ပို၍ ထိခိုက်လွယ်စေခဲ့ခြင်း
LIFT ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် HelpAge International သည် မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများအပေါ် စစ်အာဏာသိမ်းမှု ၏ သက်ရောက်မှုများကို ဆန်းစစ်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ခြောက်ခု ရှိ နေရာပေါင်း ၁၇ နေရာတွင် အသက် ၆၀နှစ်နှင့် အထက် လူပေါင်း ၇၆ ဦးအား ဆန်းစစ်မှု တစ်ခု ဆောင်ရွက်ခဲ့ပါသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာရယူလိုက်သည့် အတွက် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် လူမှုစီးပွား အကျိုးသက်ရောက်မှုများ သည် မြန်မာနိုင်ငံ လူဦးရေ၏ ၁၀% ရှိသည့် (အသက် ၆၀နှစ်နှင့် အထက်) သက်ကြီးရွယ်အို ပေါင်း ၅.၅ သန်း အပါအဝင် မြန်မာနိုင်ငံရှိ အားနည်းထိခိုက်လွယ် အုပ်စုများအား အပြင်းထန်ဆုံး ထိခိုက်စေခဲ့ပါသည်။ ဆန်းစစ်မှုအရ သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ ဆွေမျိုးများ ဝင်ငွေ ဆုံးရှုံးမှုကြောင့် ၎င်းတို့အတွက် ထောက်ပံ့မှု ပေးနိုင်ခြင်းမရှိတော့သဖြင့် စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် အခြား အခြေခံ ဝန်ဆောင်မှုများ လက်လှမ်းမီ ရရှိနိုင်ရန် ဆိုးရွားသည့် စိန်ခေါ်မှုများ ရင်ဆိုင်ကြုံတွေ့ နေရပါသည်။ ထို့အပြင် လုံခြုံမှုမရှိခြင်း နှင့် အကြမ်းဖက်မှုများကြောင့် စိုးရိမ်ကြောင့်ကြမှုများ မြင့်တက်နေကာ စိတ်ကျန်းမာရေး ဆိုင်ရာ သက်ရောက်မှုများ ပိုမို ဆိုးရွားမြင့်တက်နေပါသည်။
ဝင်ငွေ ရလမ်းများ နည်းပါးလာခြင်း
စီးပွားရေး ထိခိုက်မှုများ၊ လုံခြုံရေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုများ၊ ဘဏ်များ ပိတ်ထားခြင်းနှင့် သားမြေးများထံမှ ထောက်ပံ့ကူညီမှုများ လျော့ကျလာခြင်းတို့က သက်ကြီးရွယ်အို အများအပြားအတွက် ဝင်ငွေရလမ်း အလွန်နည်းပါးသည့် အခြေအနေသို့ တွန်းပို့ခဲ့ပါသည်။ အစိုးရ ပင်စင် (သို့) ရပ်ရွာတွင်းကူညီထောက်ပံ့မှုများ လက်လှမ်းမီရရှိမှု နည်းပါးလာသဖြင့် တွေ့ဆုံမေးမြန်းခဲ့သည့် သက်ကြီး ရွယ်အိုများ၏ ၄၀ % ကျော်မှ ၎င်းတို့ တွင် စုဆောင်းငွေများ မရှိတော့ဟု ဖြေကြားခဲ့သည်။ ၂၅% က စုဆောင်းငွေ နှစ်လစာမျှကျန်ရှိပြီး ထို့နောက်တွင် သုံးစွဲရန် ငွေလုံးဝမရှိတော့ဟု ဖြေကြားခဲ့ပါသည်။
သက်ကြီးရွယ်အိုများသည် မိသားစု သို့မဟုတ် ရပ်ရွာ ထောက်ပံ့ကူညီမှု အပေါ် မှီခိုအားထားနေရသဖြင့် ပြင်ပမှ ကူညီထောက်ပံ့မှုနှင့် အထောက်အပံ့ပေးသည့် အဖွဲ့အစည်းများ လျော့နည်းလာသည်ကို တွေ့ကြုံနေရပါသည်။ ကူညီထောက်ပံ့မှုများအား သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်များနှင့်အညီ ပေးအပ်သင့်ပြီး ငွေကြေးဝန်ဆောင်မှု ပေးသူများ နှင့် မိုဘိုင်းလ် ငွေကြေး ကိုယ်စားလှယ်များမှ တဆင့် ငွေသား လွှဲပို့ပေးနိုင်ရန် စီစဉ်ခြင်းဖြင့် လတ်တလော စားနပ်ရိက္ခာ ဖူလုံမှု၊ အာဟာရ ဖွံ့ဖြိုးမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များ ဖြေရှင်းပေးရန် စည်းကမ်း သတ်မှတ် ထိန်းချုပ်ထားခြင်းမရှိသည့် ဘက်စုံ အသုံးပြုနိုင်သော ငွေကြေးထောက်ပံ့မှု ပုံစံဖြင့် ပံ့ပိုးပေး နိုင်ပါသည်။
စားနပ်ရိက္ခာ လက်လှမ်းမီရယူနိုင်မှုအား ထိခိုက်ခြင်း
အဓိက စားသောက်ကုန်များ ရရှိနိုင်မှုမှာ တည်ငြိမ်နေဆဲဖြစ်ပြီး ကျေးလက်လူထု အနေဖြင့် ကျေးရွာ စိုက်ပျိုးမွေးမြူရေး ခြံများမှ ထွက်ရှိသည့် ကျန်းမာရေးနှင့် ညီညွတ်သည့် ထုတ်ကုန်များအား စားသုံးနေနိုင်သေးသော်လည်း အာဟာရ အမျိုးအမည် စုံလင်သည့် စားနပ်ရိက္ခာ စားသုံးနိုင်မှုတွင် အကန့်အသတ်ရှိခြင်း၊ ကုန်ဈေးနှုန်းများ ကြီးမြင့်ခြင်း၊ ဈေးဆိုင်များ ပိတ်ခြင်း၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်း၊ ကိုယ်တိုင် လှုပ်ရှားသွားလာနိုင်ရန် အခက်အခဲ ရှိခြင်း နှင့် ဝေးလံခေါင်သီသည့် နေရာများတွင် နေထိုင်သူများအနေဖြင့် အစားအစာ ဝယ်ယူရန်အတွက် သွားလာမှုများ ကန့်သတ်ထိန်းချုပ်ထားခြင်းတို့ကြောင့် လူထု၏ စားနပ်ရိက္ခာနှင့် အာဟာရ ဖူလုံမှုတို့ကို အကန့်အသတ် ဖြစ်စေပါသည်။ သို့ဖြစ်၍ လူပေါင်းများစွာမှာ အသက်ရှည်ရပ်တည်နိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ (ဆိုလိုသည်မှာ ဆန်၊ ဆီ၊ ဆား နှင့် ဟင်းသီးဟင်းရွက်) များကိုသာ စားသုံးနေကြရပါသည်။
သက်ကြီးရွယ်အိုများ၏ ၂၆% မှာ အခြေခံ စားသောက်ကုန်များ လက်လှမ်းမီ ရရှိရန်အတွက်ကိုပင် ရုန်းကန်နေကြ ရပါသည်။ စားနပ်ရိက္ခာများအား လက်လှမ်းမီရရှိနိုင်သူများမှာလည်း ဘေးကင်းလုံခြုံစွာ ရနိုင်ရေးအတွက် အနီး ပတ်ဝန်းကျင်ရှိ ဈေးဆိုင်များနှင့် ကျေးရွာများမှ စိုက်ပျိုးမွေးမြူရေးခြံများကိုသာ အားထားနေကြရပါသည်။
တောင်ဒဂုံမြို့နယ်မှ သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ဦးက “ကျွန်မကတော့ ဒီအတောအတွင်းမှာ ဈေးကြီးတွေသွားပြီး ဈေးကြီးတဲ့ အစားအသောက်တွေ ဝယ်ဖြစ်နေမှာ စိုးလို့ နေ့စဉ်လိုအပ်တာတွေကိုပဲ ဦးစား ပေးပါတယ်.. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ဆိုတာတွေကို အာရုံမထားနိုင်ပါဘူး” ဟု ပြောပါသည်။
အခြေခံစားသောက်ကုန်များ၊ ဆေးဝါးနှင့် အခြား မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများ ကုန်စည်စီးဆင်းမှု ဆိုင်ရာ စိန်ခေါ်မှု များ တစ်စထက်တစ်စ များပြားလာသဖြင့် အခြေခံ ကုန်ပစ္စည်းများ ရရှိနိုင်ရန် အတွက် ကုန်စည်စီးဆင်းမှု အဆင်ပြေ စေနိုင်မည့် နည်းလမ်းများ ရှာဖွေသင့်ပါသည်။
ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ လက်လှမ်းမီနိုင်မှု အဟန့်အတား ဖြစ်နေခြင်း
နိုင်ငံရေး အကျပ်အတည်းသည် COVID-19 ကပ်ရောဂါ ကြောင့် ဝန်နှင့်အား မမျှအောင် ဖြစ်နေသည့် မြန်မာနိုင်ငံရှိ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် ထပ်မံ ဝန်ပိစေခဲ့ပြီး သက်ကြီးရွယ်အို (သို့) မသန်စွမ်းသူ သုံးဦးတွင် တစ်ဦးမှာ ၎င်းတို့ ပုံမှန် သောက်နေကြ ဆေးဝါးများ မရတော့ပါဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့် ဌာနများ အနေဖြင့် တည်နေရာပေါ်လိုက်၍ ကွဲပြားခြားနားသည့် စွမ်းဆောင်မှုများဖြင့် ဆက်လက် ဆောင်ရွက် ပေးနေသော်လည်း အချို့ ဆေးဝါးများ၏ ဈေးနှုန်းများမှာ မြင့်တက်နေပါသည်။ သို့ဖြစ်၍ အထူးသဖြင့် ကျေးလက် ဒေသများ နှင့် သွားရောက်ရန် ခက်ခဲ့သည့် ဒေသများတွင် သက်ကြီးရွယ်အို (သို့) မသန်စွမ်းများအနေဖြင့် ဆေးဝါးများ ဝယ်ယူနိုင်ရန် ၎င်းတို့၏ စုဆောင်းငွေများကို မသုံးမဖြစ် အသုံးပြုနေရခြင်း (သို့) ခေတ်မီဆေးဝါးများ မရရှိနိုင်သည့် ပြဿနာအား ဖြေရှင်းရန် အတွက် တိုင်းရင်းဆေး နှင့် တိုင်းရင်းဆေး ဆရာများကို အားထား အသုံးပြုနေရသည့် အခြေအနေ သို့ ရောက်ရှိနေသည်။
သက်ကြီးရွယ်အို ၈၃% မှာ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် ဆေးဝါးများ ရရှိနေဆဲ ဖြစ်သော်လည်း ၁၇% မှာ နိုင်ငံရေး အခြေအနေကြောင့် ပို၍ပို၍ ဆိုးရွားလာသည့် ပြဿနာများ နှင့် ရင်ဆိုင်နေ ကြရပါသည်။
ကံကြီးထောင့်မြို့နယ်တွင် နေထိုင်သည့် သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ဦးက “ ကျွန်မ သူနာပြုလိုအပ်နေရင်လည်း မခေါ်နိုင်တော့ဘူး။ ကျွန်မမှာ ဆီးချိုရောဂါရှိလို့ နေလို့မကောင်းဘူး။ ပုံမှန်သောက်နေကျ ဆေးလည်း အလွယ်တကူ ရှာမရလို့ မဝယ်နိုင်ဘူး။ ပြီးတော့ ကျွန်မမှာ ဆေးဝယ်ဖို့ ပိုက်ဆံလည်း လုံလုံလောက်လောက်မရှိဘူး ” ဟု ပြောပါသည်။
ရှေးဦးသူနာပြုစုခြင်းနှင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များတွင် အကူအညီပေးရန်အတွက် ရည်ရွယ်၍ ကြိုတင် ပြင်ဆင်သင်တန်းပေးထားသော အိမ်တိုင်ရာရောက် စောင့်ရှောက်ပေးသည့် စေတနာ့ ဝန်ထမ်းများ ဖြစ်သော အားလုံး အကျုံးဝင် ပါဝင်သည့် ကိုယ့်အားကိုယ်ကိုးအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းပြည်သူများမှ တဆင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ တိုးချဲ့ခြင်းဖြင့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက် ကျန်းမာ ရေး စောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်မှုများ ပိုမို နက်ရှိုင်းလာခြင်းအား တားဆီးကာကွယ်ပေးရန်အတွက် အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ပါသည်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှု ဆုံးရှုံးရနိုင်ချေ ရှိနေခြင်း
စစ်အာဏာသိမ်းမှုသည် သက်ကြီးရွယ်အို အများအပြားအား နဂိုမူလကတည်းက ကျယ်ကျယ်ပြန့်ပြန့် ထိခိုက် ခံစားနေကြရပြီး ဖြစ်သည့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့အပေါ် ဆင့်ကဲ့ဆိုးရွားစွာ ထိခိုက်စေပါသည်။ သက်ကြီးရွယ်အို အများအပြားမှာ သေနတ်နှင့် ပစ်ခတ်နေမှုများ နှင့် မတရားဖမ်းဆီးမှုများကြောင့် ၎င်းတို့၏ လုံခြုံရေးနှင့် ၎င်းတို့၏ မိသားစုများ၊ မိတ်ဆွေများ နှင့် အိမ်နီးချင်းများ၏ လုံခြုံရေးအတွက်ပါ ထိတ်လန့်ကြောက်ရွံ့နေကြရကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြပါသည်။ အများစုက ကိုးကွယ်သည့် ဘာသာအလျောက် ဝတ်ပြုဆုတောင်းခြင်း၊ ကိုယ်လက် လှုပ်ရှား ခြင်း နှင့် စကားစမြည် ပြောဆိုခြင်းကဲ့သို့သော နည်းလမ်းများ အသုံးပြု၍ ဖြေဖျောက်နိုင်မည့် နည်းလမ်းများကို ကျင့်သုံး နေပြီး စားဝတ်နေရေး နှင့် ကျန်းမာရေး၊ ဝင်ငွေရနိုင်မည့် လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများ မြင့်မားနေဆဲ ဖြစ်ပါသည်။
၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့ ပတ်ဝန်းကျင်ရှိသူများမှာ စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုများ ခံစားနေကြရသည်ဟု ဆို သက်ကြီးရွယ်အို ၈၈% က ဆိုကြပါသည်။
ပုသိမ်မြို့နယ်ရှိ သက်ကြီးရွယ်အို အမျိုးသားကြီး တစ်ဦးက “ကျွန်တော်မွေးထားတဲ့ တိရစ္ဆာန်တွေ ဆုံးရှုံးခဲ့ပြီး ပြန်ဆပ် ရမယ့် အကြွေးတွေ ရှိနေတာကြောင့် ကျွန်တော့်ရဲ့ ငွေရေးကြေးရေး အခြေအနေအတွက် စိတ်ပူနေရပါတယ်။ မိသားစု ဘေးကင်းလုံခြုံဖို့ အတွက်လည်း ကျွန်တော် စိတ်ပူနေရပါတယ်။ ကျွန်တော်တတ်နိုင်သလောက် ဘုရားရှိခိုး ဆုတောင်း နေပါတယ်။ ပြီးတော့ ကျွန်တော် ဘေးကင်း လုံခြုံဖို့ ဘယ်နိုင်ငံရေး ကိစ္စတွေမှာမှ မပတ်သက်မိအောင် သတိထား နေပါတယ်” ဟု ဆိုပါတယ်။
ရှိဆဲ ရပ်ရွာလူထု အခြေပြု အဖွဲ့အစည်းများအား သင်တန်းပို့ချပေးသည့်နည်းလမ်းမှတဆင့် အားဖြည့်ပေးခြင်းဖြင့် COVID-19 ကပ်ရောဂါ နှင့် နိုင်ငံရေးအခြေအနေများနှင့် ဆက်နွယ်နေသည့် စိတ်ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ အား အထောက်အကူဖြစ်စေရန် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အကူအညီပေးခြင်းကဲ့သို့သော လတ်တလော လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်မည် ဖြစ်ပါသည်။
HelpAge International မှ ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများအပေါ် စစ်အာဏာသိမ်းမှု ၏ သက်ရောက်မှုများကို ဆန်းစစ်ချက် အပြည့်အစုံကို ဤ လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။