(Myanmar Version Below)
“From the very moment I learned out agricultural technology, all I wanted to do was get a job in this field and work to the benefit of our local farmers,” says Ma San Yin, and the excitement in her voice can not only be heard, it can be felt.
The 24-year-old native of Mrauk-U Township in Rakhine State has found her dream job, but it was not easy getting there in an environment still mostly dominated by men. Ma San Yin spends her days as Technical Field Officer in the Mrauk-U Project of East-West Seed, a grantee of LIFT. She is overseeing the knowledge transfer to farmers in 16 project villages at the moment and has quite a packed agenda.
Education and motivation are the key ingredients
“I have been doing this job since the start of the project in August 2022. I spend at least four days a week doing fieldwork. That means that from 10 am to the evening, we meet with farmers in the project villages and provide them with training and the technical support they need,” explains the young Agri Tech Officer who attended the Agricultural Institute in Kyauktaw for three years with a specialization in agriculture during her education.
But that was not enough for her high aspirations: “As you know, it is impossible to get a job easily with just one degree. So I decided to continue learning agricultural techniques through other external opportunities. I attended an agricultural technology course organized by the Myanmar Rice Federation based in Yangon.”
Gender stereotypes still disadvantage women in education for technical professions
What sounds like an ‘easy ride’ wasn’t easy at all. Women have to overachieve to have a chance to get admitted. “University admission depends on the score you get in the university entrance exam in Myanmar. For girls, the required score for admission is higher than for boys. Girls like me who want to join the Agricultural Institute need to have at least 350 points in the university entrance exam, but boys can be admitted if they have more than 300 points.”
After she got her degrees, the process became a lot easier. Ma San Yin found a job as Project Assistant at a local NGO in the field of agriculture and that gave a start to her career working for local and international organisations.
Working with ‘key farmers’ to improve their livelihoods
Right now, she is working with ‘key farmers’ in 16 different villages improving their knowledge, giving technical support and thus strengthening their livelihoods. “There are certain criteria for selecting a person as a ‘key farmer’. If a farmer has a plot of land for cultivation and the necessary equipment for planting, we select them as a ‘key farmer’ and provide with inputs, technology and agricultural equipment until they can grow the crops successfully. Even when I cannot go to the field in person due to my busy schedule, I also share the necessary agriculture techniques with those farmers via mobile phone.”
Cultural awareness and gender issues in agriculture
All this is done with different communities and in a sensitive and culturally aware way: “When I do training in a village, I first choose a day when most of the farmers in that village will have free time. So when we do a training in a Muslim village, we avoid Fridays, religious day of worship. In Rakhine villages, there may also be religious and social events, so I negotiate with local farmers in advance to choose a day for training. I accompany each farmer to the place of cultivation and support the necessary technologies from the seedling of the crop to be grown. This is long-term support. I also provide problem-solving solutions on what best methods to use if the crop they are growing is infested.”
Being a woman in a technical capacity, Ma San Yin has an eye for gender issues and observes differences when working in her communities in Rakhine State. Participation of women in agricultural activities is still not the norm everywhere. “In some villages, women participate, but in some villages, men participate much more. Among the 16 project villages that I am currently handling, there are two Muslim villages. In Muslim villages, women participation is significantly lower compared to men. However, there are awareness campaigns going on there and women’s empowerment is slowly improving.”
Ma San Yin has also experienced some stereotyping when it comes to her own profession when interacting with beneficiaries. “In some villages, I also encountered a somewhat uncomfortable situation. Some farmers who have been doing agriculture for many years seem to think that a young woman who provides training in agricultural technology is not as skilled as they are. But there are many people who are willing to learn about new modern farming techniques although they have been doing traditional agriculture for many years. They are willing to use any technology if they are more successful in growing crops.”
Advice for girls and young women to make their dreams come true
Finally, Ma San Yin has some advice for girls and young women who might want to venture into the same direction, a career in a technical profession.
“First and foremost, they need to be proficient in using IT technology to make their dreams come true. Nowadays, whatever you want to know or want, you can easily access it through the Internet and IT technology. The second point is that it is important to start working in organizations that do not discriminate against gender. If they experience gender discrimination in their first job, it will affect them emotionally for the rest of their lives. This is a huge obstacle in their way of becoming an expert in this field. An expert in this field deals with most people on a daily basis, especially farmers who have relatively low education. Therefore, in order to increase their self-confidence, I see the need for the local and/or international organizations that are implementing regional development projects to provide training in order to improve their communication and social skills.”
(Myanmar language)
နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းနယ်ပယ်က အမျိုးသမီးတွေရဲ့ အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေ
"စိုက်ပျိုးရေးနည်းပညာပိုင်းထဲ စပြီး ခြေချကတည်းက ဒီအပိုင်းနဲ့ အလုပ်တစ်ခု ရအောင်လုပ်ပြီး ဒေသတောင်သူတွေ အကျိုးကျေးဇူး ဖြစ်ထွန်းအောင် အလုပ်လုပ်ပေးချင်ခဲ့တာပါ" လို့ မဆန်းယဉ် က ပြောပါတယ်။ သူ့အသံကတဆင့် သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ခံစားမိပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးဒေသခံတစ်ယောက် ဖြစ်တဲ့ အသက် ၂၄နှစ်အရွယ် မဆန်းယဉ်က သူရည်မှန်းထားခဲ့တဲ့ အလုပ်ကို ရခဲ့ပါပြီ။ ဒါပေမဲ့လည်း အမျိုးသားတွေ ကြီးစိုးနေတဲ့ ဒီပတ်ဝန်းကျင်ထဲမှာ လွယ်ကူအဆင်ပြေခဲ့တာတော့ မဟုတ်ပါဘူး။ မဆန်းယဉ်က LIFT ရန်ပုံငွေ ပံ့ပိုးထားတဲ့ East-West Seed အဖွဲ့ရဲ့ မြောက်ဦးစီမံချက်မှာ နည်းပညာပိုင်းဆိုင်ရာ ကွင်းဆင်းကြီးကြပ်ရေး အရာရှိအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ လက်ရှိမှာတော့ စီမံချက်ရွာပေါင်း ၁၆ရွာက တောင်သူတွေအတွက် အသိပညာပေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်နေတာမို့ တာဝန်ယူထားရတဲ့ လုပ်ငန်းပိုင်းတွေ မနည်းလှပါဘူး။
ပညာရေးနဲ့ စိတ်အားထက်သန်မှုက အခရာကျတဲ့ အပိုင်းတွေ ဖြစ်ပါတယ်
"စီမံချက်စတဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ကတည်းက တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ တစ်ပတ်မှာ အနည်းဆုံး လေးရက်က ကွင်းထဲမှာပဲ ရှိပါတယ်။ မနက် ၁၀နာရီလောက်ကနေ ညနေပိုင်းအထိ စီမံချက်ရွာတွေထဲက တောင်သူတွေနဲ့ တွေ့တယ်၊ သင်တန်းတွေပေးတယ်၊ သူတို့လိုအပ်တဲ့ နည်းပညာတွေ ပေးတယ်" လို့ စိုက်ပျိုးရေး သိပ္ပံ (ကျောက်တော်) က စိုက်ပျိုးရေးကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ မဆန်းယဉ်က ရှင်းပြပါတယ်။
"သိတဲ့အတိုင်းပဲလေနော်၊ ဘွဲ့လေးတစ်ခုရှိရုံနဲ့ အလုပ် အလွယ်တကူ ရဖို့ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် အပြင်မှာ အခွင့်အလမ်းရရင် ရသလို စိုက်ပျိုးရေးနည်းပညာပိုင်းတွေကို ဆက်ပြီးလေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ မြန်မာ့ဆန်စပါးအသင်းချုပ်က စီစဉ်တဲ့ စိုက်ပျိုးနည်းပညာသင်တန်းကို ကျွန်မတက်ခဲ့ပါတယ်"
ကျား၊မ ခွဲခြားမှုနဲ့ပတ်သက်တဲ့ ပုံစံခွက်တွေကြောင့် နည်းပညာအလုပ်တွေထဲက အမျိုးသမီးတွေ ဟာ ချန်ထားခံနေရဆဲ ဖြစ်ပါတယ်
အားလုံးအဆင်ပြေနေတာလို့ ထင်ကြပေမယ့် တကယ်တမ်းမှာ မလွယ်လှပါဘူး။ နေရာတစ်ခုကို တက်လှမ်းနိုင်ဖို့အတွက်ဆိုရင် အမျိုးသမီးတွေက ပိုပြီးကြိုးစားအောင်မြင်မှသာ ရပါတယ်။ "မြန်မာနိုင်ငံမှာက တက္ကသိုလ်ဝင်တန်းမှာရတဲ့ အမှတ်အပေါ်မူတည်ပြီး တက်ရောက်ရတဲ့ တက္ကသိုလ်ကွာပါတယ်။ မိန်းကလေးတွေအတွက်ဆိုရင် ယောက်ျားလေးတွေထက် အမှတ်ပိုပြီး မြင့်မှရတယ်။ ကျွန်မတို့ စိုက်သိပ္ပံမှာဆိုရင် ကျွန်မတို့လို မိန်းကလေးတွေက တက္ကသိုလ်ဝင်တန်းမှာ အနည်းဆုံး အမှတ် ၃၅၀ ရမှ ဝင်လို့ရပေမယ့် ယောကျ်ားလေးတွေကျ အမှတ် ၃၀၀ ရရင်ကို တက်လို့ရနေပြီလေ။"
သူ ဘွဲ့ရပြီးတဲ့နောက်ပိုင်းမှာ ပိုအဆင်ပြေလာတယ်။ ပြည်တွင်း NGO အဖွဲ့တစ်ခုရဲ့ စိုက်ပျိုးရေးအပိုင်းမှာ စီမံချက်လက်ထောက်အနေနဲ့ အလုပ်ရခဲ့ပါတယ်။ အဲဒီကစပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အလုပ်လုပ်ဖို့ ဖြစ်လာခဲ့တာပါပဲ။
ဦးဆောင်တောင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်နေပါတယ်
လက်ရှိမှာတော့ စီမံချက်ရွာ ၁၆ရွာက ဦးဆောင်တောင်သူတွေနဲ့ လက်တွဲပြီး တောင်သူတွေအတွက် အသိပညာဗဟုသုတပိုင်း တိုးတက်ရေးအတွက် နည်းပညာအထောက်အပံ့ပေးပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ အားကောင်းအောင် လုပ်ဆောင်နေပါတယ်။ "ဦးဆောင်တောင်သူအဖြစ်နဲ့ ရွေးချယ်ခံရဖို့အတွက် သတ်မှတ်ချက်တွေ ပြည့်မီရပါတယ်။ တောင်သူတစ်ဦးမှာ စိုက်ပျိုးမြေရှိမယ်၊ စိုက်ပျိုးဖို့ လိုအပ်တဲ့ ပစ္စည်းတွေရှိမယ်၊ အဲဒါဆိုရင် ကျွန်မတို့က ဦးဆောင်တောင်သူအနေနဲ့ ရွေးလိုက်ပါတယ်။ အဲဒီတောင်သူတွေကို သီးနှံဖြစ်ထွန်းသည်အထိ သွင်းအားစုတွေ၊ နည်းပညာတွေ နဲ့ စိုက်ကိရိယာတွေ ပံ့ပိုးပေးပါတယ်။ တကယ်လို့ ကျွန်မမှာ အလုပ်တွေ အရမ်းပိလို့ ကွင်းမဆင်းနိုင်တဲ့ ရက်မျိုးတွေဆိုရင်လည်း တောင်သူတွေကို ဖုန်းနဲ့ချိတ်ပြီး လိုတဲ့ စိုက်နည်းစနစ်တွေ ပေးတာမျိုးတွေ လုပ်ပါတယ်"
စိုက်ပျိုးရေးကဏ္ဍက ဓလေ့ထုံးစံတွေ သိထားဖို့ နဲ့ ကျား၊မရေးရာ အခက်အခဲများ
လူအမျိုးမျိုးနဲ့ အတူတူ လက်တွဲလုပ်ရတာဖြစ်တာမို့ ဂရုတစိုက် အလေးထားပြီး ထုံတမ်းစဉ်လာတွေနဲ့ မသွေဖယ်သွားအောင် လုပ်ဆောင်ရပါတယ်။ "ရွာမှာ သင်တန်းပေးတဲ့အခါကျရင် တောင်သူအများစု အားနိုင်တဲ့ ရက်မျိုးကို ရွေးရတယ်။ မွတ်စလင်မ်ရွာတွေမှာ သင်တန်းပေးတဲ့အခါမျိုးဆိုရင် ဘုရားရှိခိုးတဲ့နေ့ဖြစ်တဲ့ သောကြာနေ့တွေဆို ရှောင်ပြီး ပေးရတာပေါ့။ ရခိုင်ရွာတွေမှာကျ ဘာသာရေး လူမှုရေး အခမ်းအနားတွေရှိတတ်တာမို့ ရွာခံတောင်သူတွေနဲ့ ညှိနှိုင်းပြီး သင်တန်းတက်ဖို့ အဆင်ပြေတဲ့ရက်ကို ရွေးရတယ်။ တောင်သူတစ်ဦးချင်းရဲ့ ကွင်းထဲထိ လိုက်ပြီး မျိုးကျဲတဲ့အချိန်ကစလို့ လိုတဲ့ နည်းပညာတွေ ပေးပါတယ်။ ဒါကတော့ ရေရှည်ပေးရတာမျိုးပေါ့။ ပိုးကျတဲ့အခါမျိုးတို့ ဘာတို့ဆိုရင်တော့ အခြေအနေနဲ့ အကိုက်အညီဆုံးဖြစ်မယ့် နည်းလမ်းမျိုးတွေနဲ့ ဖြေရှင်းနိုင်အောင် ကူညီပေးတာတွေလည်း လုပ်ပါတယ်။ "
နည်းပညာပိုင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တာမို့ ရခိုင်ပြည်နယ်က ရပ်ရွာလူထုတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ ကျား၊မရေးရာနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ မတူကွဲပြားမှုတွေနဲ့ ပတ်သက်ပြီးလည်း စိတ်ဝင်တစား လေ့လာပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်တာက နေရာတိုင်းမှာ တွေ့ရလေ့ရှိတဲ့ ထုံးစံတစ်ခုရယ်လို့တော့ မဖြစ်နေသေးပါဘူး။ "တချို့ရွာတွေမှာက အမျိုးသမီးတွေပါဝင်ပေမယ့် တချို့ရွာတွေမှာကျတော့ အမျိုးသားပါဝင်မှု ပိုများပါတယ်။ ကျွန်မတာဝန်ယူထားတဲ့ ၁၆ရွာမှာ မွတ်စလင်မ်ရွာ နှစ်ရွာပါ ပါပါတယ်။ အဲဒီရွာဘက်ခြမ်းတွေမှာ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီးပါဝင်မှုက သိသိသာသာ နည်းပါတယ်။ ဒါပေမဲ့လည်း အသိအမြင်ဖွင့်သင်တန်းတွေလည်းပေးတော့ အမျိုးသမီးတွေ စွမ်းဆောင်ရည်မြင့်မားဖို့ လုပ်ဆောင်တာတွေမှာ တဖြေးဖြေး တိုးတက်မှုတော့ရှိပါတယ်"
ကိုယ့်အလုပ်နဲ့ပတ်သက်လို့ စီမံချက်ရွာတွေမှာ ပြောဆိုဆက်ဆံရတဲ့အခါမှာ တချို့သော အရိုးစွဲပုံစံတွေကို မဆန်းယဉ်လည်း တွေ့ကြုံခဲ့ရဖူးပါတယ်။ "တချို့ရွာတွေကျတော့ ကျွန်မကိုယ်တိုင်လည်း စိတ်မသက်မသာ ဖြစ်ရတာမျိုးတွေ ရှိခဲ့ဖူးတယ်။ ဒီစိုက်ပျိုးရေးမှာ နှစ်တွေအများကြီး လုပ်ခဲ့တဲ့ တချို့တောင်သူတွေဆိုရင် ကျွန်မလို အမျိုးသမီးငယ်လေးတစ်ယောက်က စိုက်ပျိုးရေးနည်းပညာသင်တန်းတွေ ပေးတဲ့အခါကျတော့ သူတို့လောက်တောင် တတ်ကျွမ်းမှု မရှိလောက်ဘူးဆိုပြီး ထင်နေကြတာမျိုးတွေရှိတယ်။ ဒါပေမဲ့လည်း မိရိုးဖလာနည်းနဲ့ နှစ်တွေကြာအောင် စိုက်ခဲ့ကြတယ် ဆိုသည့်တိုင်အောင် ခေတ်မီစိုက်ပျိုးနည်းစနစ်တွေကို အားတက်သရော လေ့လာချင်ကြတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ သူတို့တွေကျတော့ အထွက်နှုန်းတိုးဖို့ အောင်မြင်ဖို့အတွက်ဆို ဘယ်လိုနည်းပညာမျိုးမဆို စိတ်ပါလက်ပါ သုံးချင်ကြတယ်"
အမျိုးသမီးငယ်တွေနဲ့ မိန်းကလေးတွေအတွက် သူတို့အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ပေးချင်တဲ့ အကြံညဏ်
မဆန်းယဉ်က သူ့လိုမျိုး နည်းပညာပိုင်းဆိုင်ရာမှာ လုပ်ကိုင်ချင်ကြတဲ့ အမျိုးသမီးတွေအတွက် အကြံညဏ်တချို့ကို မျှဝေပေးထားပါတယ်။
"အိပ်မက်တွေ အကောင်ထည်ပေါ်လာဖို့ဆိုရင် ပထမဆုံးကတော့ အိုင်တီနည်းပညာပိုင်းမှာ ကျွမ်းကျင်အောင် လုပ်ထားဖို့ လိုပါတယ်။ အခုခေတ်မှာ ကိုယ်သိချင်တာ၊ လိုချင်တာတွေကို အင်တာနက်ကနေ အိုင်တီနည်းပညာသုံးပြီး အလွယ်တကူ လေ့လာနေနိုင်ပါပြီ။ ဒုတိယအချက်ကတော့ ကျား၊မ မခွဲခြားတဲ့ အဖွဲ့အစည်းတွေမှာ အလုပ်စပြီး လုပ်ဖို့ပါ။ ပထမဆုံးအလုပ်မှာတင် ခွဲခြားဆက်ဆံခံရရင် ဘဝတလျှောက်လုံးမှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပါတယ်။ အဲဒီအခါကျတော့ သက်ဆိုင်ရာ ကဏ္ဍမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့အခါမှာလည်း စိန်ခေါ်မှုကြီးကြီးတစ်ခု ဖြစ်သွားနိုင်တယ်။ ကျွန်မတို့ ဒီလို လုပ်ငန်းတွေမှာ နေ့စဉ်လိုလို လူအများနဲ့ ထိတွေ့ဆက်ဆံရပါတယ်။ အထူးသဖြင့် အတန်းပညာမပြည့်စုံခဲ့တဲ့ တောင်သူတွေနဲ့လည်း ပြောဆိုဆက်ဆံရတာတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုရှိဖို့လိုပါတယ်။ ဒေသဖွံ့ဖြိုးရေး စီမံချက်တွေကို ဆောင်ရွက်နေကြတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေဘက်ကလည်း ဝန်ထမ်းတွေကို ပြောဆိုဆက်ဆံရေးပိုင်းတွေ၊ လူမှုရေးအပိုင်းတွေမှာ ကျွမ်းကျင်လာအောင် သင်တန်းတွေပေးသင့်တယ်လို့ ကျွန်မ မြင်မိပါတယ်"