(Myanmar version below)
Six months after its first rapid needs assessment of older people in Myanmar, LIFT’s partner HelpAge International conducted a thorough follow up study with 110 people aged 60+ in 17 locations across six states and regions to reassess the effects of the combined crisis on older people in Myanmar.
Socio-economic crisis brought on by COVID-19 and accentuated by the unfolding political instability has seriously impacted livelihoods for many households throughout the country, with older people hit hardest as many were eking out a meager income from insecure daily wage work or community support. The latest survey findings suggest a significant undermining of older people’s capacities to cope with livelihood shocks and show staggering food insecurity and poverty among older people as they have now depleted their savings and other assets. The findings reveal growing needs across all aspects of life, including income and livelihoods, health, safety and security and food.
Income opportunities nearly halted
The survey revealed that older people’s largest concerns are related to their livelihoods options as disruptions to economy and businesses have left them with meagre income opportunities and literally no family or community support. About 57 per cent of older people interviewed indicated that they had less than a week’s savings before cash runs out while around 85 per cent stated they have less than one month’s worth of savings, suggesting a significant reduction in livelihoods when compared to the baseline survey in April 2021.
A combination of increasing prices for basic needs, reduced prices for harvest, a decline in casual labour opportunities and ongoing banking disruptions add further strains to older people’s scarce family income. Many respondents reported being deprived of any support, increasing their anxiety about lack of income, access to food, medicine, health services, and other needed expenditures for their families. In the face of rising need for humanitarian assistance, support should be tailored to the needs of older people and can be provided in the form of unconditional multi-purpose cash transfer to address the acute food security, nutrition and healthcare needs, best facilitated through financial service providers and mobile money agents.
Access to health services remains a major concern
Another major concern expressed by respondents includes access to healthcare, which reflects the collapse of the public health system bringing severe consequences for older people and people with disabilities, especially those that need regular medication and check-ups to manage their health conditions. While nearly all respondents stated they need some kind of support accessing healthcare and medications, 38 per cent indicated that they can’t access any health services or medicine, compared to only 17 per cent in April 2021.
Underperformance of healthcare facilities was further exacerbated by movement restrictions and rising prices for public transportation and medicines making older people’s access to health services nearly impossible and forcing them to resort to traditional medicine and indigenous medical practitioners to compensate for the lack of modern medicine, specifically in rural hard-to-reach areas. This makes older people increasingly worried about being a burden to their families:
“If my husband and I were to contract an illness, we only want to suffer an illness which doesn’t cost much. I don’t want to burden my children”, an older woman, 64.
“I told my daughter not to spend on healthcare for me and my wife”, an older man, 80.
The survey also revealed a rise of impromptu private and informal healthcare services throughout the country. In many villages, retired health practitioners, charities, midwives and nurses continue to provide basic care, outside of the public health system.
The third wave of COVID-19 has brought more strains on older people’s wellbeing, both physically and mentally as many reported either contracting the virus or having family members who fell ill. With lack of health services, many older people resorted to traditional medicine and breathing exercises, reflecting the poor state of Myanmar’s healthcare system and the need to expand healthcare support through community-based services, including training home care volunteers to assist with basic health care and mental wellbeing and prevent a deepening of healthcare challenges for older people and persons with disabilities.
Rising food prices and widespread insecurity hinder older people’s access to food
Though availability of food in respondents’ areas remains somewhat stable and people in rural areas can eat healthy produce from their farms, the limitations in food diversity, the increase in prices, disruption to supply chain, growing insecurity and restricted travel to buy food in remote areas have constrained people’s food and nutrition security. The findings revealed a sharp contrast in access to diversified food between those respondents who grow their own crops, either on their farm or home gardens, and those who don’t. Many of the latter have resorted to compromising the quality and quantity of their food to survive. Even though one in five older people struggled to access basic food items and skipped meals.
“Food is available in the market, but the price is rising. We use money wisely, like buying cheap food rather than quality food. We usually grow a home garden so there’s no need to worry about vegetables. I heard casual labour households face more difficulties to access food,” an older woman, 92.
In view of increasing challenges with the supply chain of basic food items, medicine, and other essential items, options should be explored to ease the supply chain to enable the flow of basic goods - through support to boost agricultural production, maintain food market functionality and street vendor trade.
Wellbeing at risk
Insecurity and a growing complexity and scale of the crisis has taken a severe toll on many older people, adding to already widespread feelings of stress and anxiety about their safety. While many resort to coping mechanisms such as increased praying, meditation, worship and conversations, an uncertain environment contributes to a deepening of the existing psychosocial traumas.
“[I worry the most about] money and safety. I am afraid that I might not be able to escape to a safer place. I am scared that I will be left behind”, an older woman, 70.
Reinforcement of existing community-based structures and local networks can help address acute needs by providing psycho-social support that will help ease some of the mental health issues and trauma for older people.
Read full assessment of the effects of the socio-economic on older people in Myanmar conducted by HelpAge International (link)
..............................
(Myanmar version)
မကြာသေးမီက ကောက်ယူခဲ့သည့် မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများအား ဆန်းစစ်သုံးသပ်မှုအရ ရင်ဆိုင်ဖြေရှင်းသည့် ဗျူဟာများတွင် စိုးရိမ်ဖွယ်ရာ ပြောင်းလဲမှုများနှင့် တစ်စထက်တစ်စ ဆိုးရွားလာနေသည့် စားနပ်ရိက္ခာ မဖူလုံမှုတို့ ဖြစ်ပေါ်နေကြောင်း သတိပေးအချက်ပြခြင်း
LIFT ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် HelpAge International မှ မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်များ ဆန်းစစ်မှုကို ပထမဆုံးအကြိမ် ကောက်ယူခဲ့ပြီးနောက် ခြောက်လ အကြာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ခြောက်ခု၊ နေရာပေါင်း (၁၇) နေရာရှိ အသက် (၆၀) နှင့် အထက် သက်ကြီးရွယ်အို (၁၁၀) ဦး နှင့် နောက်ဆက်တွဲ အသေးစိတ် လေ့လာမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ သက်ကြီးရွယ်အိုများအပေါ် အကျပ်အတည်းနှစ်ခု၏ သက်ရောက်မှုများအား ပြန်လည် ဆန်းစစ်ရန်အတွက် ဖြစ်ပါသည်။
COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပွားလာခဲ့သည့် လူမှုရေး စီးပွားရေး အကျပ်အတည်းနှင့် တစ်စထက်တစ်စ အရှိန် မြင့်တက်လာသည့် နိုင်ငံရေး မတည်ငြိမ်မှုတို့ကြောင့် ပြည်သူအများအပြားမှာ စားဝတ်နေရေးအတွက် အာမခံချက် မရှိသည့် နေ့စား အလုပ်များမှ ရရှိသည့် နည်းပါးသော ဝင်ငွေ (သို့) ရပ်ရွာလူထုထံမှ ရရှိသည့် အကူအညီပေါ်တွင် ခက်ခဲစွာ ရပ်တည်နေကြရပါသည်။ အဆိုပါအခြေအနေသည် နိုင်ငံတဝှမ်း ရှိ အိမ်ထောင်စု အများ အပြား၏ အသက် မွေးဝမ်း ကျောင်းမှုများကို ဆိုးရွားစွာ သက်ရောက်စေခဲ့ပြီး သက်ကြီးရွယ်အို အများစုမှာ အပြင်းထန်ဆုံး ထိခိုက်ခံခဲ့ကြရပါသည်။ နောက်ဆုံး ပြုလုပ်ခဲ့သည့် စစ်တမ်းတွေ့ရှိချက်များအရ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ဖိစီးမှုများကို ကိုင်တွယ် ဖြေရှင်းရာတွင် သက်ကြီးရွယ်အိုများ ၏ စွမ်းဆောင်ရည်မှာ သိသာထင်ရှားစွာ လျော့ကျ ခဲ့ကြောင်းနှင့် ယခုအခါတွင် ၎င်းတို့ စုဆောင်းထားသည့်ငွေများနှင့် အခြား အခြေပစ္စည်း ပိုင်ဆိုင်မှုများ ပြုန်းတီးသွားပြီ ဖြစ်သဖြင့် သက်ကြီးရွယ်အိုများ အကြား စားနပ်ရိက္ခာ ဖူလုံမှု မရှိခြင်းနှင့် ဆင်းရဲနွမ်းပါးနေကြခြင်းတို့ကို ညွှန်ပြနေရာ ထိတ်လန့်ဖွယ်ရာ ဖြစ်ပါသည်။ ဝင်ငွေနှင့် အသက်မွေးဝမ်းကျောင်းမှု၊ ကျန်းမာရေး၊ ဘေးကင်း လုံခြုံရေးနှင့် စားနပ်ရိက္ခာ အပါအဝင် လူမှုဘဝကဏ္ဍများအားလုံးတွင် လိုအပ်ချက်များ တစ်စထက်တစ်စ ကြီးထွားလာကြောင်း ကို တွေ့ရှိချက်များမှ ဖော်ထုတ်ခဲ့ပါသည်။
ရပ်ဆိုင်းလု နီးပါး ဖြစ်လာသည့် ဝင်ငွေရလမ်းဆိုင်ရာ အခွင့်အလမ်းများ
တိုင်းပြည်၏ စီးပွားရေး နှင့် စီးပွားရေး လုပ်ငန်းများ ပျက်ယွင်းသွားခြင်းတို့ကြောင့် သက်ကြီးရွယ်အိုများ အတွက် ဝင်ငွေရလမ်း အနည်းငယ်မျှသာ ရှိခဲ့ပြီး မိသားစု (သို့) ရပ်ရွာလူထု ၏ အကူအညီ လုံးဝမရှိဘဲ ဖြစ်ကျန်ခဲ့ရာ သက်ကြီးရွယ်အိုများ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုများမှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုများနှင့် ဆက်နွယ်နေကြောင်းကို စစ်တမ်းမှ တွေ့ရှိခဲ့ပါသည်။ တွေ့ဆုံမေးမြန်းခဲ့သည့် သက်ကြီးရွယ်အို (၅၇) ရာခိုင်နှုန်းခန့်တို့မှ ၎င်းတို့တွင် လက်ထဲ ငွေမပြတ်ခင်တွင် တစ်ပတ်တာ စရိတ်ထက် နည်းသည့်ငွေသာ ရှိတော့သည်ဟု ပြောပြခဲ့ပြီး (၈၅) ရာခိုင်နှုန်းတို့မှ တစ်လတာ စရိတ်ထက် နည်းသည့် ငွေလ်ကျန်သာ ရှိတော့သည်ဟု ပြောပြခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သည့် ကနဦးစစ်တမ်း နှင့် နှိုင်းယှဉ်ပါက အသက်မွေး ဝမ်းကျောင်းမှုများ တွင် သိသိ သာသာ လျော့ကျခဲ့ကြောင်း တွေ့ရှိခဲ့ပါသည်။
အခြေခံ လိုအပ်ချက်များ၏ ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ရိတ်သိမ်းထားသည့် သီးနှံဈေးနှုန်းများ ကျဆင်း လာခြင်း၊ ကျပန်း အလုပ်အကိုင် အခွင့်အလမ်းများ ကျဆင်းခြင်း နှင့် ဘဏ်လုပ်ငန်းများ ကမောက်ကမ ဖြစ်နေခြင်း တို့ကို ပေါင်းစပ် ခံစားကြရခြင်း တို့ကြောင့် ဝင်ငွေနည်းပါးသည့် သက်ကြီးရွယ်အိုများ၏ မိသားစုအား ထပ်မံ၍ ဝန်ပိစေပါသည်။ စစ်တမ်းဖြေဆိုသူအများစု မှ မည်သည့် ကူညီထောက်ပံ့မှု မျှ မရဘဲ ၎င်းတို့၏ မိသားစု များအတွက် ဝင်ငွေ၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကျန်းမာရေး ဝန်ဆောင်မှု နှင့် အခြား လိုအပ်သည့် အသုံးစရိတ်များ မရှိတော့သဖြင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာကြောင်း ဖြေဆိုခဲ့ကြပါသည်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်မှု မြင့်တက်နေချိန်တွင် ကူညီပံ့ပိုးမှုများကို သက်ကြီးရွယ်အို များ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက် ပေးသင့်ပြီး အထူးတလည် လိုအပ်သည့် စားနပ်ရိက္ခာ ဖူလုံမှု၊ အာဟာရဖွံ့ဖြိုးမှု နှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ လိုအပ်ချက်များအား ဖြေရှင်းပေးရန် အကန့်အသတ်မထားသော ဘက်စုံသုံးနိုင်သည့် ငွေကြေးထောက်ပံ့မှု ပုံစံဖြင့် ပံ့ပိုးပေးနိုင်ကာ ငွေကြေးဆိုင်ရာဝန်ဆောင်မှုပေးသူများ နှင့် မိုဘိုင်းလ်ငွေကြေး ကိုယ်စားလှယ်များမှတဆင့် အကောင်းဆုံး ပံ့ပိုးဆောင်ရွက် ပေးနိုင်ပါသည်။
ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုများ လက်လှမ်းမီရရှိမှု သည် အဓိက စိုးရိမ်ပူပန်မှုဖြစ်နေဆဲ ဖြစ်ခြင်း
ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေးမှာလည်း ထပ်မံပူပန်နေရသည့်အချက်များတွင် ပါဝင်နေသည်ဟု ထုတ်ဖော်ပြောကြားခဲ့သဖြင့် ပြည်သူ့ကျန်းမာရေးစနစ်များ ပြိုလဲပျက်စီးခြင်းကြောင့် အထူးသဖြင့် ပုံမှန်ဆေးကုသမှုခံယူခြင်း နှင့် ဆေးစစ်မှုများ ပြုလုပ်ရန် လိုအပ်သည့် ကျန်းမာရေး အခြေအနေများရှိသည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက် ဆိုးရွားသည့် အကျိုးဆက်များ ဆောင်ကျဉ်းလာခဲ့သည်ကို ထင်ဟပ်နေပါသည်။ စစ်တမ်း ဖြေဆိုသူ အားလုံးနီးပါး မှ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဆေးဝါးများ လက်လှမ်းမီ ရရှိရန် အကူအညီများ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် စစ်တမ်းဖြေဆိုသူ (၁၇) ရာခိုင်နှုန်းမျှမှ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါးများအား လက်လှမ်းမီရယူနိုင်ခြင်းမရှိပါဟု ဖြေဆိုခဲ့သည် နှင့် နှိုင်းယှဉ်ပါက (၃၈) ရာခိုင်နှုန်းရှိ နေပါသည်။
အထူးသဖြင့် သွားရောက်ရန် ခက်ခဲသည့် ကျေးလက်ဒေသများတွင် အသွားအလာကန့်သတ်ခြင်းများ နှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး နှင့် ဆေးဝါး ဈေးနှုန်းများ မြင့်တက်ခြင်း တို့ကြောင့် သက်ကြီးရွယ်အိုများ အနေဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီ ရယူနိုင်ရန် လုံးဝနီးပါး ဖြစ်နိုင်ချေမရှိဖြစ်နေပြီး ခေတ်မီ ဆေးဝါးများ မရှိသဖြင့် မတတ်သာသည့်အဆုံး တိုင်းရင်းဆေး နှင့် တိုင်းရင်းဆေး သမားတော်များ ဖြင့် အစားထိုး ကုသရန် တွန်းအားပေးနေခြင်းတို့ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ဌာနများ၏ စွမ်းဆောင်မှု နိမ့်ကျ သည့် အခြေအနေကို ထပ်မံ၍ ဆိုးရွားစေခဲ့ပါသည်။ ထိုသို့သော အကြောင်းများကြောင့် သက်ကြီးရွယ်အိုများ အနေဖြင့် ၎င်းတို့၏ မိသားစုများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေခြင်း အတွက် တစ်စထက်တစ်စ ပိုမို စိုးရိမ် ပူပန် စေပါသည်-
“တကယ်လို့များ ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ နာမကျန်း ဖြစ်ခဲ့မယ်ဆိုရင် ကျွန်မတို့ ကုန်ကျစရိတ် သိပ်မများတဲ့ ရောဂါ ဘဲ ခံစားချင်ပါတယ်။ ကျွန်မသားသမီးတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး” ဟု အသက် ၆၄ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးမှ ပြောကြားပါသည်။
“ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ငွေကုန်မခံဖို့ ကျွန်တော့သမီးကို ပြောထားပါ တယ်” ဟု အသက် ၈၀ အရွယ် အဖိုးအိုမှ ပြောကြားပါသည်။
နိုင်ငံတဝှမ်းတွင် ပုဂ္ဂလိက (နှင့်) တရားဝင် မဟုတ်သည့် စနစ်တကျမရှိသော ကျန်းမာရေး ဝန်ဆောင်မှုများ မြင့်တက် လာသည်ကိုလည်း စစ်တမ်းမှ ဖော်ထုတ်ခဲ့ပါသည်။ ကျေးရွာအများအပြားတွင် အငြိမ်းစား ကျန်းမာရေး စောင့် ရှောက်မှု ပေးသူများ၊ ကုသိုလ်ဖြစ် အသင်းအဖွဲ့များ၊ သားဖွားဆရာမများနှင့် သူနာြပုများသည် ပြည်သူ့ ကျန်းမာရေး စနစ် ပြင်ပ မှနေ၍ အခြေခံ စောင့်ရှောက်မှုများ ဆက်လက်ပေးနေကြပါသည်။
သက်ကြီးရွယ်အိုအများအပြားတို့မှ ဗိုင်းရပ်စ် ကူးစက်ခံရသည် (သို့) ဖျားနာနေသည့် မိသားစုဝင်များ ရှိသည်ဟု ဖြေကြားခဲ့သည့်သဖြင့် COVID-19 ကပ်ရောဂါ တတိယလှိုင်းသည် သက်ကြီးရွယ်အိုများ၏ ကိုယ်စိတ်နှစ်ပါး အပေါ် ပိုမို ဝန်ပိသည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့ပါသည်။ သက်ကြီးရွယ်အိုများ အနေဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများ မရှိသောကြောင့် တိုင်းရင်းဆေးဝါးများနှင့် အသက်ရှူ လေ့ကျင်ခန်းတို့ကိုသာ အားကိုးရသည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ကျန်းမာရေး စနစ် နိမ့်ကျလာခြင်းနှင့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု နှင့် စိတ်ချမ်းသာမှု ရရှိစေရန်အတွက် ကူညီပံ့ပိုးပေးပြီး ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပို၍ နက်နက်ရှိုင်းရှိုင်း ဆိုးရွားကျဆင်းလာခြင်းကို တားဆီးနိုင်ရန်တို့အတွက် အိမ်တိုင်ရာရောက် ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် စေတနာ့ဝန်ထမ်း များအား သင်တန်းပို့ချပေးခြင်းအပါအဝင် ရပ်ရွာလူထုအခြေပြု ဝန်ဆောင်မှုများမှတဆင့် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ကူညီပံ့ပိုးမှုကို တိုးချဲ့လုပ်ဆောင်ရန် လိုအပ်နေကြောင်း ထင်ဟပ်ပြသနေပါသည်။
စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာခြင်း နှင့် ဘေးကင်းလုံခြုံမှု မရှိခြင်းတို့ ကျယ်ပြန့်လာခြင်းမှ သက်ကြီး ရွယ်အိုများ၏ စားနပ်ရိက္ခာ လက်လှမ်းမီ ရယူနိုင်ခြင်းကို ဟန့်တား နှောင့်ယှက်ခြင်း
စစ်တမ်းမေးခွန်းဖြေကြားသူများနေထိုင်ရာ ဒေသများတွင် စားနပ်ရိက္ခာရရှိနိုင်မှုမှာ အတန်ငယ် တည်ငြိမ်နေပြီး ကျေးလက်ဒေသနေ ပြည်သူများသည် ၎င်းတို့၏ တောင်ယာများမှ ထွက်ရှိသည့် ကျန်းမာရေးနှင့် ညီညွတ်သော ထွက်ကုန်များကို စားသောက်နိုင်သော်လည်း ဝေးလံခေါင်းပါးသည့်ဒေသများ၌ အာဟာရဓါတ်စုံလင်သည့် အစား အသောက်များ စားသုံးနိုင်မှုတွင် အကန့်အသတ်ရှိခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်ခြင်း၊ ဘေးကင်းလုံခြုံမှု မရှိသည့် အခြေအနေ ပိုမို ဆိုးရွားလာခြင်း၊ စားနပ်ရိက္ခာ သွားရောက် ဝယ်ယူရန်အတွက် အသွားအလာ ကန့်သတ်မှုရှိနေခြင်းတို့မှ သက်ကြီးရွယ်အို အများအပြား၏ စားနပ်ရိက္ခာ ဖူလုံမှုနှင့် အာဟာရ ပြည့်ဝမှုတို့ကို အကန့်အသတ် ဖြစ်စေခဲ့ပါသည်။ စစ်တမ်းတွေ့ရှိချက်များအရ အာဟာရမျိုးစုံ ပါဝင်သည့် အစားအသောက်များအား လက်လှမ်းမီရယူရာ၌ စစ်တမ်းဖြေဆိုသူများအနက် တောင်ယာ (သို့) အိမ်တွင်း ဥယျာဉ်ခြံများတွင် ကောက်ပဲသီးနှံများ ကိုယ်တိုင်စိုက်ပျိုးသူများ နှင့် စိုက်ပျိုးခြင်းမရှိသူများကြား သိသိ သာသာ ခြားနားမှုရှိသည်ကို တွေ့ရှိခဲ့ပါသည်။ ဒုတိယအမျိုးအစားဝင် သက်ကြီးရွယ်အို အများအပြားသည် မတတ်သာသည့်အဆုံး ရှင်သန်ရပ်တည်ရန်အတွက် ၎င်းတို့စားသောက်သည့် အစားအစာများ၏ ပမာဏ နှင့် အရည်အသွေးတို့အား လျှော့ပေါ့၍ စားသုံးခဲ့ရပါသည်။ သို့သော်ငြားလည်း သက်ကြီးရွယ်အို (၅)ဦး တွင် တစ်ဦးမှာ အခြေခံစားသောက်ကုန်များအား လက်လှမ်းမီ ရယူနိုင်ရန်အတွက် ရုန်းကန်ခဲ့ကြရပြီး အစာစားသည့် အကြိမ်ရေအား လျှော့ချခဲ့ကြရပါသည်။
“ဈေးမှာ အစားအသောက်တွေ ရနိုင်ပေမဲ့ ဈေးတွေတက်နေတယ်။ အဖွားတို့ အနေနဲ့ ပိုက်ဆံ သုံးတဲ့နေရာမှာ ချင့်ချိန်နေရတော့ အရည်အသွေး ကောင်းတာထက် ဈေးပေါတာတွေကိုဘဲ ဝယ်ပြီး စားသောက် နေရတာပေါ့။ ပုံမှန် အားဖြင့်တော့ အိမ်တွင်းဥယျာဉ်ခြံ စိုက်ပျိုးထားတဲ့အတွက်ကြောင့် ဟင်းသီးဟင်းရွက်အတွက် မပူရပါဘူး။ ကျပန်း အလုပ်လုပ်တဲ့ အိမ်ထောင်စုတွေမှာ စားဖို့သောက်ဖို့ အခက်အခဲ ကြုံတွေ့နေရတယ်ဆိုတာ ကြားပါတယ်” ဟု အသက် ၉၂နှစ် အရွယ် အဖွားအိုက ဖြေပါသည်။
အခြေခံ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် အခြားမရှိမဖြစ် လိုအပ်သော ပစ္စည်းများ၏ ထောက်ပံ့ရေး ကွင်းဆက်များတွင် စိန်ခေါ်မှုများ ပိုမို များပြား လာသည့်အတွက်ကြောင့် စိုက်ပျိုး ထုတ်လုပ်မှု မြှင့်တင်ရန် အတွက် ကူညီပံ့ပိုးပေးခြင်း၊ စားနပ်ရိက္ခာ ဈေးကွက်လည်ပတ်နိုင်အောင် ထိန်းသိမ်းထားခြင်း၊ လမ်းဘေး ပျံကျဈေးများတွင် ရောင်းဝယ်ဖောက်ကားခြင်းတို့မှတဆင့် အခြေခံ ပစ္စည်းများ စီးဆင်းနိုင်ရန် ထောက်ပံ့ရေးကွင်းဆက်၌ အခက်အခဲ မရှိစေရန်အတွက် အခြားရွေးချယ်နိုင်မည့် နည်းလမ်းများအား ရှာဖွေဖော်ထုတ်သင့်ပါသည်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာရေးတွင် ကျရောက်နိုင်ခြေရှိနေသည့် အန္တရာယ်များ
ဘေးကင်းလုံခြုံမှု မရှိခြင်းနှင့် တစ်စထက်တစ်စ ပိုမို ရှုတ်ထွေးပြီး ပိုမိုကြီးထွားလာသည့် ကပ်ဘေး တို့က သက်ကြီးရွယ်အို အများအပြားတို့အပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး နဂိုကတည်းက ကျယ်ကျယ်ပြန့်ပြန့် ရှိနေ ပြီးသားဖြစ်သည့် စိတ်ဖိစီးသည့်ဒဏ် ခံစားနေရမှုများ နှင့် ၎င်းတို့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ် ပူပန်မှု များကို ထပ်လောင်း၍ ကြီးမားစွာ ထိခိုက်စေခဲ့ပါသည်။ သက်ကြီး ရွယ်အို အများအပြားသည် မတတ်သာသည့် အဆုံး၌ ဘုရားရှိခိုးဆုတောင်းခြင်း၊ တရားထိုင်ခြင်း၊ ဘုရားဝတ် ပြုခြင်းနှင့် စကားစမြည် ပြောဆိုခြင်း စသော ဖြေရှင်းနည်းလမ်းများကို ပိုမို အသုံးပြုခဲ့ကြသော်လည်း မရေရာ မသေချာသည့် ပတ်ဝန်းကျင် အခြေအနေများက လက်ရှိဖြစ်ပေါ်နေသည့် စိတ်ပိုင်း လူမှုရေးပိုင်း ဆိုင်ရာ ဒဏ်ရာများ ပိုမိုဆိုးရွား နက်ရှိုင်း လာစေရန်အတွက် ဖန်တီးပေးခဲ့ပါသည်။
အသက် (၇၀) အရွယ် အမျိုးသမီးကြီးတစ်ဦးမှ “စိတ်အပူဆုံးကတော့ ငွေရေးကြေးရေးနဲ့ ဘေးကင်းလုံခြုံရေးပါပဲ။ ပိုပြီးလုံခြုံတဲ့နေရာကို ထွက်မပြေးနိုင်တော့မှာ အမေကြီး ကြောက်တယ်။ အမေကြီးကို ချန်ထားခဲ့ကြမှာကို တကယ် ကြောက်မိတယ် ”ဟု ပြောကြားခဲ့ပါသည်။
လက်ရှိ ရှိနေသည့် ရပ်ရွာလူထု အခြေပြု ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဒေသခံကွန်ရက်များအား အားဖြည့် ပေးခြင်းသည် သက်ကြီးရွယ်အိုများအတွက် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာအချို့နှင့် စိတ်ဒဏ်ရာ တို့အား လျော့ပါးသက်သာစေရန် အထောက်အကူဖြစ်စေမည့် စိတ်လူမှုဆိုင်ရာ ကူညီပံ့ပိုးပေးခြင်းဖြင့် အရေးတကြီး လိုအပ် လျက်ရှိသည့် လိုအပ်ချက်များကို ဖြေရှင်းရာတွင် ကူညီပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။
HelpAge International မှ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများအပေါ် ကျရောက်ခဲ့သည့် စီးပွားရေး အကျိုးသက်ရောက် မှုဆိုင်ရာ ဆန်းစစ်အကဲဖြတ်မှု အပြည့်အစုံအား ဤ(link)တွင် ဖတ်ရှုနိုင်ပါသည်။