မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးသည် မြန်မာနိုင်ငံတွင် ကိုယ့်အားကိုယ်ကိုးနိုင်စွမ်းကို မြှင့်တင်ကာ အမေရိကန်၏ ခိုင်မာတိကျသော အမျိုးသားအကျိုးစီးပွားများကို တိုးတက်စေရန် နိုင်ငံခြားအကူအညီများ ပေးအပ်လျက်ရှိပါသည်။
အမေရိကန်ပြည်ထောင်စု၏ ပံ့ပိုးမှုသည် စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် ပဋိပက္ခဒဏ်ခံရသော ပြည်သူများအတွက် အကူအညီများအပါအဝင် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုနှင့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းပေးပါသည်။
ကျွန်ုပ်တို့၏ အကူအညီများသည် မဟာဗျူဟာကျပြီး အမေရိကန်အခွန်ထမ်းပြည်သူများအပေါ် တာဝန်ခံမှုရှိကာ ဒေသခံပြည်သူများ၏ စွမ်းဆောင်ရည်ကို တိုးတက်စေရန် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ပြီး၊ လူမှုအသိုက်အဝန်းများအနေဖြင့် ပိုမိုတည်ငြိမ်ပြီး လုံခြုံသော အနာဂတ်တစ်ခုကို တည်ဆောက်နိုင်ရန် အထောက်အကူပြုပါသည်။



