
နော်ဝေနိုင်ငံ၏ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု မူဝါဒသည် မတည်ငြိမ်မှုနှင့် အကျပ်အတည်းကြုံတွေ့နေရသော နိုင်ငံများတွင် အားလုံးပါဝင်နိုင်သော စီးပွားရေးနှင့် လူမှုရေး တိုးတက်မှု၊ ကျား၊ မ ရေးရာ တန်းတူညီမျှမှုနှင့် ကြံ့ကြံ့ခံနိုင်မှုတို့ကို မြှင့်တင်ရန် ရည်ရွယ်ထားပါသည်။
မြန်မာနိုင်ငံတွင် နော်ဝေသည် အခြေခံ လူမှုဝန်ဆောင်မှုများနှင့် ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင်မှု တိုးတက်စေရန်အတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေး လမ်းကြောင်းများမှတဆင့် အကူအညီများ ဆက်လက်ပံ့ပိုးပေးလျက်ရှိသည်။ ဤရည်မှန်းချက်များ အောင်မြင်စေရန် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားရန် ကတိကဝတ်ပြုထားပါသည်။


