မြန်မာနိုင်ငံတွင် ကနေဒါနိုင်ငံ၏ အကူအညီသည် အားနည်းထိခိုက်လွ​ယ်ပြည်သူများ နှင့် မေ့လျော့ခံ ပြည်သူများ၏ လူ့ဂုဏ်သိက္ခာ၊ အကျိုးစီးပွား နှင့် အခွင့်အရေးများ မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်မှုများ၏ အချက်ချာနေရာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ထားရှိသည်။ ခြုံငုံကြည့်လျှင် မတူကွဲပြားမှု၊ အားလုံးပါဝင်နိုင်မှု၊ လူ့အခွင့်အရေး၊  ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို လေးစားလိုက်နာသော အနာဂတ်တစ်ခု ဖြစ်ပေါ်လာရေးအတွက် ရည်မှန်းထားပါသည်။ ကနေဒါနိုင်ငံ၏ ဖီမီနစ်တ် နိုင်ငံတကာ အကူအညီပေးရေး မူဝါဒ နှင့်အညီ မတူကွဲပြားမှု၊ အားလုံးပါဝင်နိုင်မှု၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် တိုင်းရင်းသား လူနည်းစုများ အပါအဝင် အားနည်းထိခိုက်လွ​ယ်ဆုံးသော ပြည်သူများ နှင့် ပဋိပက္ခဒဏ်ခံရသော ပြည်သူများကို ဆက်လက် ပံ့ပိုးကူညီလျက်ရှိပါသည်။ ထို့အပြင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို ထိန်းသိမ်းကာ ပြည်သူများကို ဆင်းရဲတွင်းသို့ ကျဆင်းခြင်း (သို့မဟုတ်) ပြန်လည်ကျဆင်းခြင်းမှ ကာကွယ်ရန်အတွက်လည်း နိုင်ငံတကာအကူအညီများကိုလည်း ပေးအပ်ပါသည်။