At the frontline of COVID-19 preparedness across Myanmar, LIFT has mobilised support to over 30 existing implementing partners (IPs), at a very short notice, and some in challenging circumstances. LIFT is providing assistance where it is needed most, as Myanmar braces itself for stricter measures to stop the spread of the novel coronavirus.

These measures are likely to result in more restrictions of movement, a loss of livelihoods and income and increased uncertainty for all, but especially so for migrants, displaced and the peri-urban poor. LIFT’s efforts support households and communities, while particularly focused on those at a heightened risk during this time of a global health crisis; the elderly, people with disabilities and pregnant and breastfeeding mothers.

The response by LIFT’s implementing partners focuses on supporting these most vulnerable groups by utilising existing networks and mechanisms for swift mobilisation. LIFT’s strong partnerships with the Government, civil society organisations, ethnic service providers and LIFT’s strategic partners are in a key role, as the response is likely to become increasingly national. Partnerships with organisations in non-Government-controlled areas are also crucial, as is working with faith-based organisations. 

As part of the immediate response across the country, LIFT partners are focused on information, awareness-raising and behaviour change around WaSH, remodelling existing projects to produce face masks, hand soap and hand sanitizer, providing COVID-19 preparedness kits including sanitizer, paracetamol and thermometers to beneficiaries, and mobile handwashing stations. With LIFT’s support as part of the COVID-19 immediate response, partners in Rakhine are working to reach villages and camps, and internally displaced people in camps in Kachin and Northern Shan State are benefitting from a disinfection campaign, fever scanning and a referral medical pathway system. They are also provided with essential medicines in the camp clinics.  

Established community-based social protection mechanisms are used to help beneficiaries adapt to loss of income and health costs. Migrants are offered legal assistance and temporary places to stay, and workers having lost their jobs can receive legal and financial assistance from LIFT’s partners. LIFT’s financial inclusion partners are also preparing to expand credit availability during the current period of uncertainty, in which conditions are evolving rapidly.

.....................................................................................

(in Myanmar language) 

မြန်မာနိုင်ငံတဝှမ်းရှိ COVID-19 အတွက် အရေးပေါ်ပြင်ဆင်နေမှှုများတွင် LIFTကလည်း ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။ အခက်အခဲ အချို့ရှိနေသော်လည်း လက်ရှိ လက်တွဲဆောင်ရွက်သော စီမံချက်အကောင်ထည်ဖော်သည့် မိတ်ဖက်အဖွဲ့ (၃ဝ)ကို စုစည်းပြီး ပံ့ပိုးဆောင်ရွက်မှုများ လုပ်ဆောင်ကြရန် အချိန်တိုအတွင်းတွင်ပင် ဆက်သွယ် အကြောင်းကြား ပေးခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ရပ်တန့်နိုင်ရန်အတွက် တင်းကျပ်သည့် ကာကွယ် တားဆီးမှုများကို လုပ်ဆောင်လျက်ရှိရာတွင် အကူအညီ အလိုအပ်ဆုံးနေရာများကို LIFT က ပံ့ပိုးပေးလျက် ရှိပါသည်။ 

ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးလုပ်ဆောင်ချက်များကြောင့် အသွားအလာကန့်သတ်မှုများ ပိုမိုရှိလာနိုင်သည် ဖြစ်ရာ အသက်မွေးဝမ်းကျောင်းမှုများ နှင့် ဝင်ငွေများ ဆုံးရှုံးပြီး မသေချာ မရေရာမှုများ ပိုမိုများပြားလာနိုင်ပါသည်။ အထူးသဖြင့် ရွေ့ပြောင်းလုပ်သားများ၊ နေရပ်စွန့်ခွာနေထိုင်ရသူများနှင့် မြို့ပြဒေသမှ ဖွံဖြိုးမှုနောက်ကျနေသူများတွင် ဖြစ်ပွားနိုင်ပါသည်။ LIFT ၏ ဆောင်ရွက်မှုများသည် အိမ်ထောင်စုများနှင့် ရပ်ရွာလူထုများကို ပံ့ပိုးပေးပြီး ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာရပ်အတွင်းတွင် အထူးသဖြင့် သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင် များနှင့် နို့်တိုက်မိခင်များအနေဖြင့် ကူးစက်ခံရနိုင်မှု ပိုမိုမြင့်မားနိုင်သည်ဖြစ်ရာ ၎င်းတို့ကို LIFTမှ အလေးထားပံ့ပိုး ပေးမည် ဖြစ်ပါသည်။ 

LIFT မိတ်ဖက်များအနေဖြင့် လက်ရှိစီမံချက်များရှိ ချိတ်ဆက်ထားပြီးဖြစ်သည့် အဆက်အသွယ်များနှင့် လုပ်ငန်း ဆောင်ရွက်မှုပုံစံများဖြင့် အဆိုပါ ထိခိုက်လွယ်သော အုပ်စုများအတွက် ဦးတည်ကာ ပံ့ပိုးမှုများပေးလျက်ရှိပါသည်။ LIFT သည် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ နှင့် မဟာဗျုဟာမိတ်ဖက်အဖွဲ့များနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများရှိပြီးဖြစ်ရာ ယခုကဲ့သို့ အရေးပေါ်ဆောင်ရွက်မှုများသည် ပြည်တွင်း အဖွဲ့အစည်း များနှင့် ပိုမိုချိတ်ဆက်လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ အစိုးရအုပ်ချုပ်မှု အလှမ်းဝေးသည့် ဒေသများရှိ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်လည်း အရေးပါလှသည်ဖြစ်ရာ ဘာသာရေးအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတဝှမ်းရှိ အရေးပေါ်ကာလဆောင်ရွက်မှုများ၏ တစိတ်တပိုင်းအဖြစ် ရေ၊ပတ်ဝန်းကျင်နှင့် တကိုယ်ရေသန့်ရှင်းရေးအတွက် အမူအကျင့်ပြောင်းလဲမှုများ နှင့်ဆိုင်သော အချက်အလက်များ နှင့် အသိပညာပေးမြှင့်တင်မှုများ၊ လက်ရှိစီမံချက်ဆောင်ရွက်မှုပုံစံများကို နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာ နှင့် ရေမလို လက်သန့်ဆေး ထုတ်လုပ်မှုများသို့ ပြောင်းလဲပြင်ဆင်ခဲ့ပြီး စီမံချက်ဒေသရှိ ရပ်ရွာလူထုများကို COVID-19 ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် လက်သန့်ဆေး၊ ပါရာစီတမော နှင့် အပူချိန်တိုင်းကိရိယာများကို ပေးအပ်ကာ ရွှေ့ပြောင်းတပ်ဆင် နိုင်သည့် လက်ဆေးစင်များကို ပံ့ပိုးပေးလျက်ရှိပါသည်။ COVID-19 အရေးပေါ်ဆောင်ရွက်မှု တစိတ်တဒေသအဖြစ် မိတ်ဖက်များသည် LIFT၏ ပံ့ပိုးမှုဖြင့် ရခိုင်ပြည်နယ်ရှိ ကျေးရွာများနှင့် ယာယီစခန်းများ၊   ကချင်နှင့်ရှမ်းမြာက်ဒေသရှိ နေရပ်စွန့်ခွာနေထိုင်ရသူများရှိသည့် စခန်းများသို့ ရောက်ရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ရပ်ရွာလူထုများ အနေဖြင့် ပိုးသတ်ဆေးဖြန်းရန် လှုံ့ဆော်ဆောင်ရွက်မှုများ၊ အပူချိန်တိုင်းတာခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိမည့် ညွှန်းပို့လွှဲပြောင်းမှုများ ရရှိကြမည်ဖြစ်ပါသည်။ ယာယီစခန်းများရှိ ဆေးခန်းများတွင်လည်း မရှိမဖြစ်လိုအပ်သည့် ဆေးများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။ 

ဖွဲ့စည်းထားပြီးဖြစ်သည့် ရပ်ရွာအခြေပြု လူမှုကာကွယ်စောင့်ရှောက်မှု အစီအမံများကို အသုံးပြုပြီး စီမံချက်အကျိုးခံစားရသူ များကို ဝင်ငွေဆုံးရှုံးမှုများနှင့် ကျန်းမာရေးကုန်ကျစရိတ်များ ကာမိစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ရွှေ့ပြောင်းလုပ်သား များ အား ဥပဒေရေးရာအကူအညီများ ပေးအပ်ပြီး ယာယီနေထိုင်နိုင်မည့် နေရာများကို စီစဉ်ပေးထားပါသည်။ အလုပ် မရှိတော့သည့် လုပ်သားများအနေဖြင့် ဥပဒေရေးရာ အကူအညီနှင့် ငွေကြေးအထောက်အပံံများရရှိစေရန် ဆောင်ရွက် ထားရှိပါသည်။ အလျင်အမြန်ပြောင်းလဲ နေပြီး မသေချာမရေရာမှုများဖြစ်နေသည့် ယခုကဲ့သိုအချိန်အခါတွင် LIFT၏ အားလုံးအကျုံးဝင်ပါဝင်နိုင်သော ငွေကြေးစီမံကိန်း မိတ်ဖက်အဖွဲ့များမှလည်း ချေးငွေပံ့ပိုးမှုများကို တိုးချဲ့ရန် ပြင်ဆင်ဆောင်ရွက်လျက်ပါသည်။